Connect with us

Hi, what are you looking for?

သတင်း

သံတွဲတွင် နောက်ဆုံးကျန်သည့် ​မောင်​ရွှေလေးရေတပ်စခန်းကို AAသိမ်းပိုက်

သံတွဲတမြို့လုံး AAလက်သို့ ကျရောက်

၂၀၂၄ ​ဖေ​ဖော်ဝါရီလက ကျောက်တော်မြို့နယ်အတွင်း​ရေ​ကြောင်းတိုက်ပွဲအတွင်းစစ်တပ်သ​ဘော်များကို သိမ်းယူပြီး​နောက် AA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-AA

ယောနသံ/People’s Spring

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် နောက်ဆုံးကျန်ရှ်ိနေသည့် မောင်ရွှေလေးရေတပ်ကို အာရက္ခတပ်တော်(AA)က ယနေ့(ဩဂုတ်လ ၂၈ရက်)၌ အပြီးသတ် တိုက်ခိုက်သိမ်းယူပြီးနောက် သံတွဲတမြို့လုံး AAလက်သို့ ကျရောက်ပြီဖြစ်သည်။

စစ်သင်္ဘောရှစ်စီးဖြင့် ခုခံနေသည့် ရေတပ်ကို AAက ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းယူလိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

​စစ်​ကောင်စီ၏ မောင်​ရွှေ​လေး​ရေတပ်စခန်း မှ ​​ရေငုပ်တပ်ဖွဲ့ဝင်အချို့ (ပုံအ​ဟောင်း)

” မောင်ရွှေလေးတပ်ကို တပ်တော်(AA)က မနက်က ရတာပါ။အခု တိုက်ပွဲသံ မကြားရတော့ပါဘူး။နေ့လယ်ကအထိ စစ်တပ်က လေကြောင်း ပစ်တာတော့ ရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

မောင်ရွှေလေးရေတပ်ကို တိုက်ခိုက်နေစဉ် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်၊ လူအင်အား ဖြည့်တင်းနေကော စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း AAက ဩဂုတ်လ ၂၆ရက်၌ သတင်းထုတ်ပြန်ထားသည်။

လက်ရှိ နောက်ဆုံးအခြေနေကို သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ ဆုတ်ခွာထွက်ပြေးရန် ကမ်းထိုးယာဉ်ပင်မရှိတော့ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ပင်လယ်အတွင်း ရေကူးထွက်ပြေးနေကြောင်း စစ်ကောင်စီနဲ့လက်အောက်ခံ တယ်လီဂရမ် channelအချို့၌ ယနေ့ ညပိုင်းရေးသားထားကြသည်။

သံတွဲမြို့မှစစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် ဧပြီလမှစတင်ကာ AAကတိုက်ခိုက်ခဲ့သည်။

၂၀၂၄ ​ဖေ​ဖော်ဝါရီလက ကျောက်တော်မြို့နယ်အတွင်း​ရေ​ကြောင်းတိုက်ပွဲအတွင်းစစ်တပ်သ​ဘော်များကို သိမ်းယူပြီး​နောက် AA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-AA

တိုက်ပွဲများအပြင်းအထန်ဖြစ်ခဲ့ပြီး သံတွံလေဆိပ်နှင့် စစ်ကောင်စီတပ်ရင်းများကို ပြီးခဲ့သည့် ဇွန်လ၌ သိမ်းယူနိုင်ခဲ့သည်။ မြို့ပေါ်ကိုလည်းထိန်းချုပ်ထားခဲ့သည်။ စစ်‌ကောင်စီက မောင်ရွှေလေးရေတပ်ကို အင်အားဖြည့်ပြီး ခုခံနေစဉ် ယခုအခါ AAက တိုက်ခိုက်သိမ်းယူနိုင်ခြင်းဖြစ်သည်။

( / ​၂၀၂၄ ​ဖေ​ဖော်ဝါရီလက ကျောက်တော်မြို့နယ်အတွင်း​ရေ​ကြောင်းတိုက်ပွဲအတွင်းစစ်တပ်သ​ဘော်များကို သိမ်းယူပြီး​နောက် AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-စစ်​ကောင်စီ /AA)

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

Facebook