Connect with us

Hi, what are you looking for?

သတင်း

သံတွဲမြို့နှင့် မောင်ရွှေလေးရေတပ်မကျ​​ရေး စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းခံစစ်ဆင်နေ

သံတွဲမြို့ရှိ မောင်ရွှေလေးရေတပ်မကျစေရေးအတွက် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အသည်းအသန် ခုခံလျက်ရှိပြီး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းနှင့်မောင်တောမြို့တွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့ပြင်၌ နောက်ဆုံးကျန်ရှိနေသော အမှတ်(၅)နယ်ခြား​စောင့်တပ်ခွဲ -နခခ (၅) စခန်းထဲသို့ ဆုတ်ခွာသွားပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်းအာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။

ကျောက်​တော်မြို့နယ်​တွင်းရေ​ကြောင်းတိုက်ပွဲတွင် ​အောင်ပွဲရ AAတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-AA

မောင်တောမြို့ ၊​မောင်​ရွှေ​လေး​ရေတပ်၊ကျိန္တလီ၊ ဂွ ​ဒေသတွင်တိုက်ပွဲများဆက်လက်ပြင်းထန်

မောင်​တောမြို့သိမ်းတိုက်ပွဲတွင်စစ်​ကောင်စီတပ်ကဓါတုဗုံးများအသုံးပြု ၊AA ကပြည်သူ ၂၆,၀၀၀​ကျော်ကိုကယ်ထုတ်​ပေးဟုထုတ်ပြန်

မောင်တောမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီဘက်က သေဆုံးထိခိုက်များပြီး လက်နက်နှင့် စစ်သုံ့ပမ်းများ ရဟု အသိပေး

မိထက် ၊ရှိုင်း /People’s Spring

သံတွဲမြို့ရှိ မောင်ရွှေလေးရေတပ်မကျစေရေးအတွက် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အသည်းအသန် ခုခံလျက်ရှိပြီး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းနှင့်မောင်တောမြို့တွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့ပြင်၌ နောက်ဆုံးကျန်ရှိနေသော အမှတ်(၅)နယ်ခြား​စောင့်တပ်ခွဲ -နခခ (၅) စခန်းထဲသို့ ဆုတ်ခွာသွားပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်းအာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။

လက်ရှိတိုက်ပွဲအပြင်းထန်ဆုံးဖြစ်နေသည့် မောင်တောနှင့်သံတွဲမြို့အခြေအနေကို AA က ယမန်နေ့(ဩဂုတ်လ ၂၉ရက်)ည၌ ထုတ်ပြန်အသိပေးခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မောင်​တောမြို့ ​​မြေပုံ

မောင်တောမြို့အား အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် စစ်‌ကောင်စီအဆင့်ဆင့်ခုခံတားဆီးထားသော နေရာများကို တစ်ခုပြီးတစ်ခု ရှင်းလင်းတိုက်ခိုက်သိမ်းယူနေပြီး ကစဉ့်ကလျားထွက်ပြေးနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းတိုက်ခိုက်ရာ မြို့တွင်းတိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟုအသိ​ပေးထားသည်။

တိုက်ပွဲအတွင်း မောင်တောမြို့၏ နေရာအနှံ့အပြားမှ စစ်ကောင်စီဘက်မှ ရုပ်အလောင်းများအပြင် သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရမိထားသည်ဟုဆိုသည်။

စစ်​ကောင်စီ၏ မောင်​ရွှေ​လေး​ရေတပ်မှ ​​​ရေတပ်သားများ(ပုံ​ဟောင်း)။ ဓါတ်ပုံ- စစ်​ကောင်စီ)

စစ်ကောင်စီနှင့်အပေါင်းအပါများသည် မောင်တောမြို့ပြင်၌ တစ်ခုတည်းကျန်ရှိနေသော ၎င်းတို့၏ နခခ (၅) စခန်းအတွင်းသို့ ဆုတ်ခွာသွားပြီး ၎င်းစခန်းမှ လက်နက်ကြီးများအပြင် ဓာတုအဆိပ်ဓာတ်ငွေ့များပါသော ဗုံးများအား သြဂုတ် ၂၈ ရက်တွင် အသုံးပြု၍ တိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်သည်။

ဓာတု ဗုံးအသုံးပြု တိုက်ခိုက်ခြင်းနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များ၊ အဆိုပါ ဗုံးကြောင့် ထိခိုက်ခံစားရမှု အခြေအနေများထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိသေးပေးမြို့အတွင်းမှ ဆုတ်ခွာထွက်ပြေးနေစဉ် ၎င်းတို့စခန်းချကာ ခုခံခဲ့သော တိုက်တာအဆောက်အဦးများအား မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟုသိရသည်။

မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားသော အပြစ်မဲ့အရပ်သား ၂၆,၀၀၀ နီးပါးကို AA ကယ်ထုတ်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်းလည်း အသိပေးထားသည်။

သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ် နှင့် ဂွမြို့နယ်၊ ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာ အနီးတွင်လည်း တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီသည် မောင်ရွှေလေးရေတပ်မကျစေရေန် စစ်ကူများ၊ လက်နက်အင်အား၊ ရေတပ်စစ်သင်္ဘောအရေအတွက်များကို ထပ်မံဖြည့်တင်းပြီး ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အသည်းအသန် ခုခံနေသည်ဟု ဆိုသည်။

မောင်​တော​မြို့သိမ်းတိုက်မှ စစ်သုံ့ပန်းများ။ ဓာတ်ပုံ – AA

AAကလည်း အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကျိန္တလီ၊ ဂွ နှင့် အဆိုပါဒေသများနှင့်ဆက်စပ်နေရာများ၌ တိုက်ပွဲများပြင်းထန်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

မောင်ရွှေလေးရေတပ်ကို AAက ဩဂုတ်လ ၂၈ရက်၌ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရေတပ်ရော၊ လေတပ်ပါ အုပ်စုဖွဲ့၍ တိုက်ခိုက်လာခြင်းကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်နေခြင်းဟု စုံစမ်းသိရှိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။