Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက မီတာခများတိုး​မြှင့်

အ​ထွေ​ထွေကုန်​ဈေးနှုန်းများတက်ပြီး ပြည်သူအများစု စီးပွား​ရေးကြပ်တည်း​နေချိန်တွင် စစ်​ကောင်စီကလျှပ်စစ်ဓာတ်အားခ နှစ်ဆ ကျော် တိုးမြှင့်လိုက်ကြောင်း ယနေ့(သြဂုတ် ၃၀) ထုတ်ပြန်သည်။

စစ်​ကောင်စီထုတ်ပြန်ချက်

ရဲခေါင်/People’s Spring

အ​ထွေ​ထွေကုန်​ဈေးနှုန်းများတက်ပြီး ပြည်သူအများစု စီးပွား​ရေးကြပ်တည်း​နေချိန်တွင် စစ်​ကောင်စီကလျှပ်စစ်ဓာတ်အားခ နှစ်ဆ ကျော် တိုးမြှင့်လိုက်ကြောင်း ယနေ့(သြဂုတ် ၃၀) ထုတ်ပြန်သည်။

လျှပ်စစ်ဓာတ်အားခနူန်းထားများ ပြင်ဆင်သတ်မှတ်ရန်အတွက် ၂၀၂၄ခုနှစ် ဇူလိုင်လ ၅ရက်က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ အစည်းအဝေးသဘောတူညီချက်အရ လျှပ်စစ်ဓာတ်အားခနူန်းထားများကို တိုးမြှင့်ခဲ့ခြင်းဟုစစ်ကောင်စီ၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆိုသည်။

Public Service Announcement

Public Service Announcement

(စစ်တပ်အာဏာမသိမ်းခင်က မီတာဖတ်​နေ​သော လျှပ်စစ်ဝန်ထမ်းများ။ ဓါတ်ပုံ-YESC

“မီတာခ တခုတည်းဈေးတက်လိုက်တယ်လို့ပဲ သူတို့(စကစ)က မြင်မှာပဲ။လျှပ်စစ်မီး နဲ့ထုတ်တဲ့ ကုန်ပစ္စည်းတွေပါ စျေးတက်လာ​မယ်။မဖြစ်မနေ စျေးတွေက စျေးဝယ်တိုင်း တက်စျေးရှိနေမယ်။ရှေ့လျှောက် လူထုက ကြပ်တည်းရင်းကြပ်တည်း မယ့် ကိန်းဆိုက်ဖို့ပဲရှိတယ်”ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက ပြောသည်။

တိုးမြှင့်လိုက်သည့် မီတာခ နှုန်းများအရ ယခင် က ၅,၀၀၀ ကျပ်ကျသည့် အိမ်သုံးမီတာ များမှာ ၁၂, ၀၀၀ ကျပ်ပေးရနိုင်ပြီး စက်မှုသုံး မီတာခ များမှာ ယခင် ၁၀ သိန်းဖြစ်ပါက ယခု ၂၅ သိန်းဝန်းကျင် ရှိလာနိုင်သည်။

ပြင်ဆင်တိုးမြှင့် လိုက်သည့်နှုန်းထားအရ အိမ်သုံးအမျိုးအစား ၁ယူနစ် မှ ယူနစ် ၅၀ အထိ ၅၀ကျပ်၊၅၁ယူနစ်မှ ၁၀၀ယူနစ်အထိ ၁၀၀ကျပ်၊၁၀၁ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ကျပ်နှင့် ၂၀၁ယူနစ်မှအထက် ၃၀၀ကျပ် ဖြစ်သည်။

အိမ်သုံးယူနစ် ယခင်နှုန်းထားမှာ ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၇၅ ယူနစ်အထိ ၇၀ ကျပ်၊ ၇၆ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၉၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၁၅၀ ယူနစ်အထိ ၁၁၀ ကျပ်၊ ၁၅၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၂၀ ကျပ်၊ ၂၀၁ ယူနစ်နှင့်အထက် ၁၂၅ ကျပ် ဖြင့် ကောက်ခံခဲ့သည်။

ထို့အတူ စက်မှုသုံး(စက်မှု၊ စီးပွားရေးလုပ်ငန်းသုံး၊ အစိုးရနှင့် အခြားအဖွဲ့အစည်း) ၁ယူနစ်မှ ၅၀၀၀ ယူနစ်အထိ ၂၅၀ကျပ်၊၅၀၀၁ယူနစ်မှ ၂၀၀၀၀ ယူနစ်အထိ ၄၀၀ကျပ်၊၂၀၀၀၁ယူနစ်မှအထက် ၅၀၀ကျပ် ဖြင့် တိုးမြှင့်ကောက်ခံမည်ဟု ဆိုသည်။

မီးမလာ၍ ဖ​ယောင်းတိုင်ဖြင့်စာသင်ကြား​နေ​သော​ကျောင်းသား​ကျောင်းသူများ။ ဓါတ်ပုံ-WB

ယခင်က အိမ်သုံးမဟုတ်သော မီတာခများမှ ၁ ယူနစ် မှ ၅၀၀ ယူနစ်အထိ ၁၂၅ ကျပ် နှင့် ၁၀၀၀၀၁ ယူနစ်နှင့်အထက်ကို တစ်ယူနစ်လျှင် ၁၈၀ ကျပ်ဖြင့် ကောက်ခံခဲ့ခြင်းဖြစ်သည်။

ပြင်ဆင်သတ်မှတ်လိုက်သော ဓာတ်အားခနူန်းထားများသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၁ရက်မှ စ၍ အကျိုးသက်ရောက်မည်ဟုလည်း ဆိုထားသည်။

နိုင်ငံစီးပွား​ရေးကျဆင်းပြီး ကျပ်​ငွေ​ဖောင်းပွကာ ကုန်​ဈေးနှုန်းများတက် ၊အလုပ်လက်မဲ့များပြီး ပြည်သူများ စီးပွား​ရေးပိုမိုကြပ်တည်း​နေချိန်တွင် စစ်​ကောင်စီက စစ်မှုမထမ်းမ​နေရ ဥပ​ဒေကိုပြဌာန်း၍ အသက် ၃၅ နှစ်ျအာက်လူငယ်များကိုစစ်တိုက်ခိုင်း​နေသလို ၊ လုံ​ခြုံ​ရေးအဖွဲ့ ဟုဆိုကာ အသက် ၃၅ မှ ၆၅ အတွင်းအမျိုးသားများကိုပါ စစ်မှုထမ်းခိုင်းရန်စစ်​ကောင်စီကစီစဥ်​နေသည်။ထို့အချိန်မှာပင် စစ်​ကောင်စီက မီးမှန်​အောင်မ​ပေးနိုင်​သော်လည်း မီတာခများကိုမူ တိုး​ကောက်လာခြင်းဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီး​နောက် ၃ နှစ်​ကျော်အတွင်း ဆင်းရဲနွမ်းပါးသူ ၇ သန်း​ကျော်တိုးလာ​​ကြောင်း ကမ္ဘာဘဏ်က ၂၀၂၄ ဇွန်လကထုတ်ပြန်ထားသည်။

​နွေဦး​တော်လှန်​ရေးတွင် ​တော်လှန်​ရေးတပ်များကသိမ်းပိုက်ထား​သောမြို့​​ပေါင်း ၈၀ ခန့်ရှိပြီး ​တော်လှန်​ရေးတပ်များထိန်းချုပ်ထား​သော မြို့ရွာများမှ မီတာကတက်ခြင်းမှာ သက်​ရောက်မည်မဟုတ်​သော်လည်း စစ်​ကောင်စီထိန်းချုပ်ထား​သော​ဒေသများတွင်အကြုံးဝင်မည်ဖြစ်သည်။ထိုအပြင် ​တော်လှန်​ရေးတပ်များကမသိမ်းပိုက်​သေး​သော်လည်း မြို့ပတ်ပတ်လည်မှ ပိတ်ဆို့ထား​သောမြို့​ပေါင်းများစွာရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook