Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ကို ယနေ့ည စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ကိုးကန့်တပ်(MNDAA)ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို ယနေ့ညပိုင်းတွင် စစ်ကောင်စီက ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

လားရှိုးမြို့၌ လျှပ်စစ်မီးရရန် ဓာတ်ကြိုးများသွယ်တန်းနေစဥ်။ ဓာတ်ပုံ - CJ

မိထက်/People’s Spring

ကိုးကန့်တပ်(MNDAA)ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို ယနေ့ညပိုင်းတွင် စစ်ကောင်စီက ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ယနေ့(ဩဂုတ် ၃၀ရက်) ည ၈နာရီ၄၆ မိနစ်တွင် ဗုံးကြဲတိုက်ခိုက်ခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

” ဘူတာဘက်ကို ကြဲတာ။ ထိခိုက်ပျက်စီးတွေ ရှိ၊မရှိနဲ့ အခြေအနေကိုမသိရပါဘူး။ မြို့ခံတွေကတော့ တော်တော်လေးထိတ်လန့်နေရတယ်”ဟု ‌ဒေသခံတစ်ဦးက ပြောသည်။

ယခုရက်ပိုင်း လေကြောင်းတိုက်ခိုက်မည်ဟူသောသတင်းများထွက်ပေါ်နေပြီး ယနေ့ညတွင် စစ်ကောင်စီက တကျော့ပြန်တိုက်ခိုက်ခြင်းဖြစ်သည်။

လားရှိုးမြို့ကို MNDAA နှင့်မဟာမိတ်များက ဩဂုတ် ၃ ရက်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းအချို့နှင့်မိသားစုဝင်များကို MNDAAက ပြန်လွှတ်ပေးပြီး အုပ်ချုပ်ရေးလည်ပတ်ရေး ကြိုးပမ်းနေသည်။

စစ်ပွဲအပြီး ပြည်သူများ၏ စားဝတ်နေရေး ပြန်လည်ကောင်းမွန်လာစေရန် အထူးဒေသ ရေအားလျှပ်စစ်ကုမ္ပဏီမှ လားရှိုးမြို့၌ ဓာတ်အားပေးဝေမှုစနစ်အား ပြုပြင်လျက်ရှိကြောင်း MNDAA က ထုတ်ပြန်ထားသည်။

MNDAAက လားရှိုးကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ စစ်ဒဏ်ကြောင့် ပြတ်တောက်နေသည့် လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရေးသည် ထိပ်တန်းဦးစားပေး လုပ်ငန်းတစ်ခုဖြစ်သည်ဟု ဆိုသည်

လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက်ခဲ့သည့်တိုက်ပွဲအတွင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုး၊ အမှတ်(၁) စကခမှူးဗိုလ်မှူးချုပ်မျိုးမင်းထွေးတို့နှင့်အတူ စစ်ကောင်စီအရာရှိအများပြားကိုMNDAAက ဖမ်းမိထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

Facebook