Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့မှ စစ်ကောင်စီချိပ်ပိတ်ထားသည့် နေအိမ်များအား ပိုင်ရှင်များထံ PDF ပြန်အပ်

မိုးကုတ်မြို့တွင် စစ်ကောင်ဆီကချိတ်ပိတ်ထားသည့် ပြည်သူများ​၏ နေအိမ်များကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက တံခါးများဖွင့်၍ အိမ်ပိုင်ရှင်များထံ ပြန်လည်အပ်နှံလိုက်ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီချိတ်ပိတ်ထားသည့် နေအိမ်တစ်လုံးအား PDFရဲဘော်များက ပြန်ဖွင့်ပေးပြီးနောက် အမှတ်တရဓာတ်ပုံရိုက်ကူးနေစဉ်။ ဓာတ်ပုံ - Aye Su Mon/FB

သားကြီး၊ဇေအောင်/People’s Spring

မိုးကုတ်မြို့တွင် စစ်ကောင်ဆီကချိတ်ပိတ်ထားသည့် ပြည်သူများ​၏ နေအိမ်များကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက တံခါးများဖွင့်၍ အိမ်ပိုင်ရှင်များထံ ပြန်လည်အပ်နှံလိုက်ကြောင်း သတင်းရရှိသည်။

“အိမ်တချို့ပေါ့နော်။ သူတို့မှာ စာရင်းတွေရှိတယ်။ အဲဒါ ပိုင်ရှင်တွေကိုပြန်အပ်ပေးတယ်။ အသေးစိတ်ကတော့ ပြောမပြတတ်ဘူး”ဟု မိုးကုတ်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ချိတ်ပိတ်ထားသည့်အိမ်တစ်အ််ိမ်၏ တံခါးအား ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက သေနတ်ဖြင့် ပစ်ဖွင့်လိုက်ပြီး ယင်းလုပ်ဆောင်ချက်အား ဒေသခံများက သပြေပန်းများဖြင့် အားပေးနေသည့်ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်တွင် ယမန်နေ့(ဩဂုတ် ၃၀ရက်)က ပျံ့နှံ့ခဲ့သည်။

” အိမ်ချိတ်ပိတ်ခံရတာ PDF တွေအိမ်လည်းပါတယ်။ သူတို့ အိမ်သူတို့ ပြန်ယူကြတာ။ ပြီးတော့ တခြားအိမ်ရှင်တွေကိုလည်း ပြန်အပ်ပေးတယ်။ မြင်ရတာကြည်နူးစရာသိပ်ကောင်းတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

PDF ရဲဘော်တစ်ဦးက ၎င်းနေအိမ်သော့အား သေနတ်တစ်ချက်ပစ်ခတ် ဖွင့်လှစ်ခဲ့ရာ ပြည်သူများက ဟေးခနဲအော်ဟစ်ကာ ပျော်ရွှင်ခဲ့ကြသည်ကို ရုပ်သံမှတ်တမ်းတွင်တွေ့ရသည်။ ထို့နောက်အိမ်တံခါးမကြီး ပွင့်သွားခဲ့ပြီး ပြည်သူများ လက်ခုပ်လက်ဝါးတီးကာ ဂုဏ်ပြုခဲ့ကြသည်။

“အိမ်ရဲ့ တန်ဖိုးကို နားလည်သူတစ်ယောက်အနေနဲ့ကြည့်ပြီး ဝမ်းသာမျက်ရည်ကျမိတယ်။”ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

ချိတ်ပိတ်နေအိမ်များ ပြန်ဖွင့်ပေးခဲ့မှုအခြေအနေအား မိုးကုတ်ဗျူဟာသို့ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

မိုးကုတ်မြို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ထောက်ခံသည့်မြို့အဖြစ် နာမည်ကြီးပြီး စစ်ကောင်စီတော်လှန်ရေးတွင်လည်း အားကောင်းသည်။ တော်လှန်ရေးကာလအတွင် စစ်ကောင်စီက နိုင်ငံရေးပုဒ်မဖြင့် အရေးယူကာ ချတ်ပိတ်ထားသည့် နေအိမ်အရေအတွက်ကို မသိရသေးပေ။

မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA)နှင့် PDF ပူးပေါင်းတပ်များနှင့် မိုးကုတ်ဗျူဟာက ပြီးခဲ့သည့် ဇွန်လ ၂၅ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၂၄ရက်တွင် သိမ်းပိုက်ခဲ့သည်။

မြို့ကိုသိမ်းပိုက်ပြီးနောက် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားအချို့ကိုလည်း ကယ်ထုတ်နိုင်ခဲ့သည်။

လတ်တလောတွင် မြို့အုပ်ချုပ်ရေးကို TNLAက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့် ၂၀၂၅တွင် ကြားကာလတော်လှန်ရေးအစိုးရနှင့်ပူးပေါင်းပြီး ပူးတွဲစီမံအုပ်ချုပ်သည့်အစိုးရ ပေါ်ပေါက်ရေး ကြိုးပမ်းသွားမည်ဟု TNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲမေဟောင်းတစ်ဦး စစ်တပ်နဲ့ ပူးပေါင်းသွားပြီး တော်လှန်ရေးရဲဘော်တွေကို လာပူးပေါင်းဖို့ ခြိမ်းခြောက် စည်းရုံးနေကြောင်း မိုးကုတ်ပကဖ ထုတ်ပြန်ပါတယ်။

သတင်း

မိုးကုတ်မြို့ဝန်းကျင်မှာတော်လှန်​ရေးတပ်​တွေက​ လေး​လ​ခန့်ကြာခုခံတိုက်ခိုက်ခဲ့

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ခြမ်းမှာ တော်လှန်ရေးတပ်တွေစိုးမိုးနယ် မြေထဲကျွံဝင်လာတဲ့စစ်တပ် နဲ့ တော်လှန်ရေးတပ် တွေတိုက်ပွဲဖြစ်ပွားပြီး စစ်သား၇ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးမှာ တိုက်ပွဲပိုမိုပြင်းထန်လာပြီး စစ်ကောင်စီ ဗုံးကြဲလေယာဉ်တချို့ ပျံဝဲနေတယ်လို့ မြို့ခံတွေ လေကြောင်းအန္တရာယ် စိုးရိမ်နေကြပါတယ်။