Connect with us

Hi, what are you looking for?

သတင်း

တောင်ပိုင်းစစ်ဒေသနယ်မြေတွင် စစ်ကောင်စီလက်ချက်ကြောင့် တစ်ပတ်အတွင်း အရပ်သား ၃ဦးသေဆုံး၊ပြည်သူ ရာချီဖမ်းဆီးခံရ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ပြည်သူ သေဆုံးထိခိုက်မှု၊ ဖမ်းဆီးခံရမှုများရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ယနေ့ထုတ်ပြန်သည်။

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ဩဂုတ်အတွင်း သထုံမြို့နယ်တွင် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ပြည်သူ သေဆုံးထိခိုက်မှု၊ ဖမ်းဆီးခံရမှုများရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ယနေ့ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၇ရက်တာအတွင်း အရပ်သားပြည်သူ ထိခိုက်ဖမ်းဆီးခံရမှု အခြေအနေကို တောင်ပိုင်းစစ်ဒေသက စက်တင်ဘာ ၁ရက်တွင် ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီနှင့် လက်ဝေခံအဖွဲ့များ၏ အကြမ်းဖက်မှုကြောင့် အရပ်သား ၃ဦးသေဆုံးကာ (၆)နှစ်အရွယ် အပါအဝင် ၄ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

မည်သည့်မြို့နယ် ဒေသမှ ပြည်သူများ ထိခိုက်သေဆုံးသည်ဆိုသည့် အသေးစိတ်အချက်အလက်များ ဖော်ပြမထား၍ တောင်ပိုင်းစစ်ဒေသသို့ မေးမြန်းနိုင်ရန်ကြိုးပမ်းနေဆဲ ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရသူ ပြည်သူ ၃၉၉ ဦးရှိကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ခဲ့ရာကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်များသည် အရပ်သားပြည်သူများကို စစ်မှုထမ်းခိုင်းရန်နှင့် လူသားဒိုင်းပြုလုပ်ရန်အပါအဝင် အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်မေးမြန်းခြင်းများ ရှိခဲ့သည်ဟု အသိပေးထားသည်။ ၃၉၉ ဦး အဖမ်းခံရမှု ဖြစ်စဉ်အသေးစိတ်ကိုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိပေ။

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ဩဂုတ်အတွင်း သထုံမြို့နယ်တွင် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU

စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်များကြောင့် ဒေသခံများဘေးလွတ်ရာ တိမ်းရှောင်နေကြရသည်ဟု အသိပေးထားပြီး ယခုဖော်ပြသည့် အချက်အလက်များထက် လက်တွေ့မြေပြင်၌ အရပ်သားထိခိုက်သေဆုံးဖမ်းဆီးခံရမှု ပိုများနိုင်သည်ဟု ဖော်ပြထားသည်။

ဩဂုတ်လကုန်ပိုင်းတွင် တောင်ပိုင်းစစ်ဒေသနယ်မြေများဖြစ်သော ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ တို့၌ စစ်ကောင်စီတပ်များကို တောင်ပိုင်းစစ်ဒေသရှိ တော်လှန်ရေး

အင်အားစုများက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုများ ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။ထို့ပြင် တောင်ပိုင်းစစ်ဒေသ၏ ကွပ်ကဲမှုဖြင့် တောင်ငူ လေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခြင်းလည်း ရှိခဲ့သည်။

ဩဂုတ်အတွင်း ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဖြူးမြို့နယ်၊ပေါင်းတည်မြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ အုတ်တွင်းမြို့နယ်၊ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်စသည့် တောင်ပိုင်းစစ်ဒေသနယ်မြေများအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် PDF တပ်ရင်းတပ်ဖွဲ့များ၊ ပကဖများ၊ မွန်နှင့် ကရင်တပ်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook