Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီကဆေးဝါးတင်သွင်းခွင့်ကိုတင်းကျပ်ပြီး ကုမ္ပဏီ ၁၀၀ ​ကျော်၏ ​​ဆေးဝါးတင်သွင်းခွင့်လိုင်စင်များကိုပယ်ဖျက်

စစ်​ကောင်စီက ပို့ကုန်ရငွေတင်ပြမှသာ ဆေးဝါးသွင်းကုန်လိုင်စင်ချပေးမည်ဟုဆိုကာ ဆေးဝါးကုမ္ပဏီ ၁၀၀ကျော်၏ ဆေးဝါးတင်သွင်းခွင့်လိုင်စင်များကို စစ်ကောင်စီထိန်းချုပ်ထားသည့် ကုန်သွယ်ရေးဦးစီးဌာနက ပယ်ဖျက်လိုက်သည်။

စစ်တပ်အာဏာမသိမ်းခင်က​​​ဆေဝါး အ​ရောင်းဆိုင်တဆိုင် ။ဓါတ်ပုံ-မင်းမြန်မာ​ဆေးဆိုင်

စောနွေဦး/People’s Spring

စစ်​ကောင်စီက ပို့ကုန်ရငွေတင်ပြမှသာ ဆေးဝါးသွင်းကုန်လိုင်စင်ချပေးမည်ဟုဆိုကာ ဆေးဝါးကုမ္ပဏီ ၁၀၀ကျော်၏ ဆေးဝါးတင်သွင်းခွင့်လိုင်စင်များကို စစ်ကောင်စီထိန်းချုပ်ထားသည့် ကုန်သွယ်ရေးဦးစီးဌာနက ပယ်ဖျက်လိုက်သည်။

စစ်ကောင်စီ၏နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက စက်တင်ဘာ ၁ ရက်ကစတင်ပြီး ပို့ကုန်ရငွေတင်ပြမှသာ ဆေးဝါးသွင်းကုန်လိုင်စင်ချပေးမည်ဟု မူဝါဒပြောင်းလဲလိုက်ခြင်းကြောင့် ဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုကြောင့် ၂၀၂၃အောက်တိုဘာတွင် ဆေးကုမ္ပဏီ ၁၁၆ခု ကလျှောက်လွှာတင်ခဲ့သည်ဒေါ်လာ ၁၀၃ သန်းကျော်တန်ဖိုးရှိသည့် လိုင်စင်လျှောက်လွှာ ၇၁၆ စောင်ကို စစ်ကောင်စီက ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

ထိုကြောင့် ဆေးဝါးကုမ္ပဏီများအနေဖြင့် ဆေးဝါးတင်သွင်းလို့ပါက လိုင်စင်အသစ်ပြန်လည်လျှောက်ထားရမည်ဟု စစ်ကောင်စီကုန်သွယ်ရေးဦးစီးဌာနက ဆေးကုမ္ပဏီများကို အကြောင်းကြားထား​ကြောင်းသိရသည်။ ပြန်လည်လျှောက်ထားရာတွင်လည်း နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက ခွင့်ပြုချက်ရမှာသာ လိုင်စင်ထုတ်ပေးမည်ဟုဆိုသည်။

“ဒေါ်လာလိုအပ်ချက်များနေလို့ မူဝါဒကို ခဏခဏပြောင်းနေတာပါ။အခုကန့်သတ်ချက်က ဆေးဝါးတွေ ရှေလျှောက်ဝယ်ယူဖို့ခက်ခဲသွားလိမ့်မယ်”ဟု ဆေးကုမ္ပဏီတစ်ခုမှ မန်းနေဂျင်းဒါရိုက်တာတစ်ဦးကပြောသည်။

နိုင်ငံခြားငွေသုံးငွေလိုအပ်ချက်ကြီးမားနေသည့် စစ်ကောင်စီက ဆေးဝါးတင်သွင်းမှုကို တရစ်ခြင်းကန့်သတ်နေပြီး ယခုအခါဆေးဝါးတင်သွင်းမှုကို အကြီး အကျယ်ထပ်မံကန့်သတ်ရန် ပြင်ဆင်ခြင်းဖြစ်သည်ဟု ၎င်းကဆက်​ပြောသည်။

“Export Money မပြနိုင်ရင်လိုင်စင်မပေးတော့ဘူး။မရှိမဖြစ်ဆေးတွေ၊နေ့စဉ်ဆေးသောက်နေရတဲ့လူတွေအတွက်ဆေးတွေ၊ကြိုဝယ်ထားကြပေတော့။ဈေးတက်မယ်၊ပစ္စည်း ပြတ်မယ်။မဝယ်နိုင်ရင် သေဘို့သာပြင်ရတော့မယ်”ဟု စစ်ကောင်စီ၏ ကြေညာချက်အပေါ်. ​ဆေးဝါးတင်သွင်း​ရောင်းချမှုလုပ်ငန်းစဥ်ကိုနားလည်​သော ​ဆေးဆိုင်ပိုင်ရှင်​ဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။

စစ်ကောင်စီက ဆေးဝါးတင်သွင်းမှုကို ပိုမိုတင်းကြပ်သဖြင့် ​ ပြည်တွင်းဆေးဝါးပြတ် လပ်မှု ပိုမိုးဆိုးရွားလာ​ပြီး ​ဈေးများထိုးတက်ကုန်၍ လုပ်ငန်းရပ်တည်ရန်ခက်ခဲလာသဖြင့် အရောင်းပိတ်လိုက်ရသည့် ဆေးဆိုင်များပိုများလာ​ကြောင်း ​ဆေးဆိုပိုင်ရှင်ဟောင်းအချို့က ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook