Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဥ်များ စုန်ဆင်းပါက ပြည်သူများမြစ်ကြောင်းနှင့် ၃မိုင်အကွာရွှေ့ပြောင်းပေးရန် ကနီပကဖသတိပေး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဥ်များ စုန်ဆင်းလာပါက မြစ်ကမ်းဘေးနေပြည်သူများ မြစ်ကြောင်းနှင့် ၃ မိုင်အကွာသို့ ယာယီရွှေ့ပြောင်းပေးကြရန် ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတိပေးသည်။

ဇူလိုင်လကုန်ပိုင်းက ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တတ်လာသော စစ်သင်္ဘောနှင့်စစ်ကောင်စီရေယာဥ်များအား တွေ့ရစဥ်။ဓာတ်ပုံ- ချင်းတွင်းမြစ်ကမ်ဘေးကျေးရွာများသပိတ်ကော်မတီ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဥ်များ စုန်ဆင်းလာပါက မြစ်ကမ်းဘေးနေပြည်သူများ မြစ်ကြောင်းနှင့် ၃ မိုင်အကွာသို့ ယာယီရွှေ့ပြောင်းပေးကြရန် ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတိပေးသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတလျှောက် ကမ်းဘေးဝဲယာ ကျေးရွာများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်ကောင်စီရေယာဥ်များ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့်လည်းကောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့်လည်းကောင်း၊ ထိခိုက်မှုမရှိစေရန် စစ်ကောင်စီ ရေယာဥ်များ စုန်ဆင်းလာချိန်တွင် ချင်းတွင်းမြစ်ကမ်းမှ အနည်းဆုံး ၃မိုင်အကွာတွင် ယာယီရွှေ့ပြောင်းနေထိုင်ပေးကြရန် ကနီပကဖအဖွဲ့က ယနေ့ (စက်တင်ဘာ ၁ ရက်)တွင် သတိပေးသည်။

“ကျောက်ဖလက်၂စီးပါတယ်လို့ ပြောတယ်။ စုစုပေါင်း ၅ စီးတဲ့။ စုန်ဆင်းဖို့ရှိတယ်ပြောတယ်။ အခုလောလောဆယ်တော့ ဟုမ္မလင်းနားမှာပဲရှိသေးတယ်။ ဆင်းဖို့အလားအလာရှိတယ်။ လှုပ်တော့မလှုပ်သေးဘူး။”ဟု ကနီအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းကလည်း ချင်းတွင်းမြစ်အတွင်း ရိက္ခာပို့စစ်ကောင်စီရေယာဥ်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သေးသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေယာဉ်အုပ်စုလိုက် ဖြတ်သန်းသွားလာချိန် မြစ်ကြောင်း ဝဲ၊ယာ ကိုလက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သောကြောင့် ပြည်သူများ ထိခိုက်သေဆုံးခြင်း၊ နေအိမ်များ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်အတွင်းမှာ စစ်တပ်ရဲ့ ၂၈ စီးပါ စစ်ရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ "မိချောင်းစစ်ဆင်ရေး" မှတ်တမ်းထုတ်ပြန်လိုက်ပြီး စစ်သင်္ဘော ၁စီး နစ်မြုပ်ကာ ၅စီးပျက်စီးကြောင်း ဖောင်းပြင်မြို့နယ်အခြေစိုက် မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်​​ကြောင်းအတိုင်း စစ်တပ်ရေယာဥ်တွေ စုန်ဆင်းလာလို့ မြစ်ကမ်းဘေးနေ ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းတွင်းမြစ်အတွင်းက စစ်သင်္ဘောအုပ်စု ကနီမြို့နယ်မှာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

Facebook