Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင်သားနှင့်သမီး လုပ်ကိုင်ခွင့်ရ လျှပ်စစ်ကား အားသွင်း​ခ နှစ်ဆခွဲတက်

အာဏာသိမ်းခေါင်ဆောင်း မင်းအောင်လှိုင်သမီးလုပ်ကိုင်ခွင့်ရ နေသည့် လျှပ်စစ်ကား(EV) Charging Station များတွင် အားသွင်းခ နှစ်ဆခွဲဈေးတက်သွားကြောင်း မော်တော်ကားစျေးကွက်မှ သိရသည်။

စစ်ခေါင်းဆောင် သမီးပိုင်ဆိုင်သော ရန်ကုန်မြို့ရှိ EV Charging station များအားတွေ့ရစဥ်။ ဓါတ်ပုံ-CJ

ရဲခေါင်/People’s Spring

အာဏာသိမ်းခေါင်ဆောင်း မင်းအောင်လှိုင်သမီးလုပ်ကိုင်ခွင့်ရ နေသည့် လျှပ်စစ်ကား(EV) Charging Station များတွင် အားသွင်းခ နှစ်ဆခွဲဈေးတက်သွားကြောင်း မော်တော်ကားစျေးကွက်မှ သိရသည်။

စစ်ကောင်စီ၏ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်မှုနှုန်းထားနှင့်အတူ EV ကားများအပေါ် အားသွင်းခနှုန်းကို ယခင် တစ်ယူနစ် ၄၀၀ ကျပ်မှ ယခု ၁၀၀၀ ကျပ်သို့ ပြောင်းလဲကောက်ခံခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“EV ဆို အရမ်း သက်သာတဲ့ခေတ်ကုန် သွားပြီ။နည်းနည်းပဲသက်သာတော့တယ်။ အရင် ၂၅,၀၀၀ ဆို အခု ၆၅,၀၀၀ ပေးရတယ်”ဟု EV ပိုင်ရှင်တစ်ဦးက ပြော သည်။

စစ်​ကောင်စီ လက်ထက် ပြည်ပမှ မော်တော်ယာဥ်တင်သွင်းမှု ပိတ်လိုက်သော်လည်း လျှပ်စစ်ကား (EV) ကို အထူးကုန်စည်အဖြစ်သတ်မှတ်ကာ အာဏာသိမ်း​ခေါင်း​ဆောင်၏ သား သမီးများ၊စစ်တပ်အသိုင်းအဝိုင်း ၊စစ်တပ်နှင့်နီးစပ်​သော လုပ်ငန်းရှင်များကိုသာ တင်သွင်းလုပ်ကိုင်ခွင့်ပေး ခဲ့ခြင်းဖြစ်သည်။

“စျေးကွက်ထဲ ၂,၀၀၀ လောက်တော့ ရောက်နေပြီ။စာချုပ် ချုပ်ထားတွေအရ ဆိုရင်တော့ သောင်းဂဏန်း ရှိတယ်။အထူးသဖြင့်တော့ အောင်ပြည့်စုံ ကိုင်ထားတဲ့ BYD EV နဲ့ ခင်သီရိသက်မွန်တို့ရဲ့ MG EV က အများဆုံးပဲ။ဒါလည်း သူတို့အုပ်စုက အခွင့်ထူးခံဖြစ်နေတာကို။ပိုက်ဆံရှိတိုင်း ရွေးချယ်ခွင့်မရှိတော့ဘူး”ဟု မော်တော် ကားစျေးကွက်ကျွမ်းကျင်သူတစ်ဦးက လူထုနွေဦး သို့ပြောသည်။

ပို့ကုန်ရငွေရှိပါက နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော် မတီ (FESC) ၏ ခွင့်ပြုချက် စောင့်စရာမလိုဘဲ အထူးအခွင့်အရေးအဖြစ် EV ကို တင်သွင်းခွင့်​ပေး​နေခြင်းဖြစ်သည်။

စစ်ခေါင်းဆောင် သမီးပိုင်ဆိုင်သော ရန်ကုန်မြို့ရှိ EV Charging station များအားတွေ့ရစဥ်။ ဓါတ်ပုံ-CJ

စစ်တပ်ကအာဏာသိမ်းပြီးနောက် ကြပ်တည်းနေသည့် အခြေခံလူထု၏ အဓိကလိုအပ်ချက်များကို မဖြည့်ဆည်းဘဲ ပိုမိုကြပ်တည်းလာ​အောင်လုပ်လာပြီး စစ်​ကောင်စီ နှင့် ဆက်စပ်​သောသူများအတွက်အခွင့်အလမ်းများကို ဖန်တီးခဲ့သည်။

နိုင်ငံတစ်ဝန်းမီးဖြတ်ပြီး မီးလာချိန် နည်းလာသည့်အတွက် ​ဈေးကွက် လိုအပ်ချက်များလာ​သော ဆိုလာ တင်သွင်း​ရောင်းချမှုကိုလည်း အာဏာသိမ်း​ခေါင်း​​ဆောင်၏ သား၊သမီး နှင့် ၎င်းတို့ဖြင့်နီးစပ်သူများကို လုပ်ကိုင်ခွင့်ပြုခဲ့သည်။

စစ်​ကောင်စီက ပြည်သူများကိုမူ စက်တင်ဘာလ ၁ ရက်နေ့ကစ၍ မီတာခများ ၂ ဆ​ကျော်တိုး​ကောက်လာသလို ၊ ဆေးဝါးအပါအဝင် ပြည်ပ သွင်းကုန် များအတွက် စစ်ကောင်စီက ဒေါ်လာ ရောင်းမပေးတော့ဘဲ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို လုပ်ငန်းရှင်များက ကိုယ့်အစီနှင့် ကိုယ်ဝယ်ယူ တင်သွင်းရမည်ဟု ကြေညာထားသည်။

တဖက်တွင် ပြည်ပပို့ကုန်လုပ်ငန်းများ ၊ပြည်ပသို့သွား ​ရောက်လုပ်ကိုင်သူများထံမှ ​​ဒေါ်လာနှင့် နိုင်ငံခြား​​ငွေ စေရန်အတွက်် စည်းကြပ်မှုကို ပိုမိုတင်းကြပ်​နေသည်။ စစ်​ကောင်စီက နိူင်ငံတဝန်းတိုက်ပွဲများတွင် အသုံးပြုရန် ပြည်ပမှ လက်နက်ခဲယမ်း နှင့်​ လေယာဥ်ဆီ ဝယ်ယူနိုင်ရန် ဒေါ်လာ၊နိုင်ငံခြား​ငွေများကိုရနိုင်သမျှ လိုက်လံယူ​နေခြင်းဖြစ်သည်။ သို့​သော်စစ်​ကောင်စီဆီ​ရောက်​သော ​ဒေါ်လာများကို ပြည်သူများ၏ အ​ခြေခံလိုအပ်ချက်အတွက်မူ သုံးစွဲလိုခြင်းမရှိ​ပေ။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်တွင် ဂိုထောင်တစ်ခုတွင်ရပ်ထားသည့် လျှပ်စစ်ကား(EV) မီးလောင်ခဲ့သည်။

သတင်း

စစ်ကောင်စီတပ်များကိုတိုက်ခိုက်​ချေမှုန်းပြီးမြို့များကို အပြီးသတ် ထိန်းချုပ်ထားသည့် ​တော်လှန်​ရေးတပ်ဖွဲ့များကို လိုအပ်သလို တုံ့ပြန်သွားမည်ဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ် တောင်ကြီးခရီးစဉ်၌ ပြောဆိုခဲ့သည်။

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင်တိုက်ခိုက်ခံရပြီးနောက် ကရင်နီ ပြည်နယ် ၊နန်းမယ်ခုံ​ဒေသကို ယနေ့ (စက်တင်ဘာ ၅)နံနက်အစောပိုင်းတွင် စစ်ကောင်စီ ကလေကြောင်းမှ ဗုံးကြဲ သဖြင့်​ဒေသခံ ပြည်သူများထိခိုက်​မှုများကြောင်း ​ဒေသခံများက​ပြောသည်။

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင် ယ​နေ့ (စက်တင်ဘာ၄) ကရင်နီပြည် ၊လွိုင်​ကော်မြို့သို့လာ​ရောက်စဥ် ကရင်နီအမျိုးသားများကာကွယ်​ရေးတပ် (KNDF)က ၁၂၀ မမဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့​ကြောင်း KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီက အတည်ပြု​ပြောကြားသည်။

Facebook