Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီး အချင်းချင်း ပစ်ခတ်မှုဖြစ်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဝဲလောင် ကျေးရွာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဝဲလောင် ကျေးရွာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁ ရက် ည ၉နာရီခန့်က တောင်သာမြို့နယ်၊ ဝဲလောင်ရွာတံတားထိပ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပစ်ခတ်မှုဖြစ်ပွားပြီး ထနောင်းကုန်းရွာမှ ပျူစောထီးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုနေ့က ဝဲလောင်ရွာစာသင်ကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူစေယထီးများ အချင်းချင်း ပြဿနာတတ်ပြီးနောက် ညနေပိုင်းတွင် ပျူအုပ်စုမှာ ထနောင်းကုန်း၊ ရွာသစ်ဘက်သို့ပြန်သွားခဲ့သည်။

ကျေနပ်မှုမရှိသော ပျူစောထီးများက ည ၉နာရီခန့်တွင် PDF အဟောင်ဆောင်ကာ ဝဲလောင်ရွာသို့ ဝင်ရောက်လာစဉ် တံတားထိပ်ရှိ စစ်တပ် ကင်းပုန်းမှ စတင်ပစ်ခတ်သဖြင့် အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ကားပေါ်ပါ ပျူစောထီးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိကြောင်း လူထုလှုပ်ရှားမှုကော်မတီ-တောင်သာက အသိပေးသည်။

“သူတို့အချင်းချင်း ပစ်ခတ်မှုဖြစ်စဥ်ကတော့မှန်တယ်။ ဒါပေမယ့် သူတို့ဘက်က ဒီသတင်းကို ဖုံးဖိထားကြတယ်။ ဒေသခံပြောတာတော့ ပျူတစ်ကောင် သေတယ်လို့ သတင်းရတယ်။ ကျွန်တော်တို့ထပ်မေးကြည့်တဲ့အခါမှာတော့ ရဲတစ်ကောင် နားထင်သေနတ်ဒဏ်ရာနဲ့ သေတယ်လို့လည်း သတင်းရတယ်။ ဆိုလိုတာကတော့ ပျူသေသလား၊ ရဲသေသလား အတိအကျမသိရဘူး။”ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

သြဂုတ်၁ဝရက် နံနက်ပိုင်းက တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံရှိ စစ်ကောင်စီတပ်အား မြင်းခြံခရိုင်အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO)​အဖြစ် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။