Connect with us

Hi, what are you looking for?

သတင်း

အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူများ အသက်၊ ဘ၀စွန့်တိုက်ပွဲဝင်နေမှုကို တရုတ် အပါအဝင် နိုင်ငံအားလုံးကလေးစားပေးရန် NUG ဝန်ကြီးချုပ်ပြော

အိမ်နီးချင်းနိုင်ငံအပါအဝင် နိုင်ငံအားလုံး အနေဖြင့် စစ်အာဏာရှင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူများ၏ ပြင်းပြသည့် ဆန္ဒများကို လေးစားပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဆားလင်းကြီးမြို့နယ်တွင် စက်တင်ဘာ ၁ရက်က အားမာန်သစ်လူထုသပိတ်စစ်ကြောင်းက "China:Stop Killing Myanmar People by Supporting Fascist Criminals" စာတန်းကိုင်ကာ ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - အားမာန်သစ်လူထုသပိတ်

ဟန်နွေ/People’s Spring

အိမ်နီးချင်းနိုင်ငံအပါအဝင် နိုင်ငံအားလုံး အနေဖြင့် စစ်အာဏာရှင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူများ၏ ပြင်းပြသည့် ဆန္ဒများကို လေးစားပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

စက်တင်ဘာ ၃ရက်က ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် တစ်ပတ်အတွင်း အိမ်နီးချင်း တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် သဘောထား နှင့်ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများ အကြား၊ ပြည်သူများအကြား ကျယ်ကျယ် လောင်လောင်ဆွေးနွေးပြောဆိုမှုနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်က အစိုးရ အဖွဲ့အစည်းအဝေးမှတဆင့် နိုင်ငံတကာအား သတင်းစကား ပါးလိုက်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် စစ်ကောင်စီကို တိုက်ခိုက်နေသည့် တအာင်းတပ်မတော်(TNLA)

ကို တိုက်ပွဲ ချက်ချင်းရပ်ရန် ခြိမ်းခြောက်စာပေးပို့ခဲ့ရာ ယင်းကဲ့သို့ တရုတ်နိုင်ငံ၏ လုပ်ရပ်အပေါ် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC)၊ သပိတ်အင်အားစုများက ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ခဲ့ကြသည်။

“အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဝန်ကြီးချုပ်အနေနဲ့ ပြောလိုတာကတော့ တစ်နိုင်ငံလုံး မှာရှိတဲ့ ကျွန်တော်တို့ ပြည်သူတွေဟာ ဒီတော်လှန်ရေးမှာ ခိုင်မာတဲ့ယုံကြည်ချက်တစ်ခုကို လက်ကိုင်ထားပြီး လက်ချင်းချိတ်ကာ အတူတကွဆင်နွှဲနေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့ ယုံကြည်ချက်ဆိုတာဟာ စစ်အာဏာရှင်စနစ်အပါအဝင်

အာဏာရှင်စနစ်မှန်သမျှကို အမြစ် ဖြတ်တိုက်ဖျက်ပြီး ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူညီရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ အပြည့်အဝအာမခံချက်ပေးနိုင်တဲ့ ခိုင်မာသောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်ပဲ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

၎င်းက ဆက်လက်ပြီး “ဒီယုံကြည်ချက်နဲ့အတူ ပြည်သူ တစ်ရပ်လုံးဟာ အသက်တွေ စွန့်၊ ဘဝတွေ စွန့်ပြီးဒီကနေ့ထိ နောက်မဆုတ်တမ်း တိုက်ပွဲ ဝင်နေကြတာဖြစ်ပါတယ်။ ဒီလို ပြည်သူတွေရဲ့ ပြင်းပြတဲ့ ဆန္ဒတွေကို အိမ်နီးနားချင်းနိုင်ငံ တွေအပါအဝင် နိုင်ငံအားလုံးက လေးစားပေးဖို့ အင်မတန် အရေးကြီးကြောင်း အစိုးရအဖွဲ့အစည်းအဝေးက တစ်ဆင့် သတင်းစကားပါးလိုပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

မြန်မာ့အရေးကို စိတ်ဝင်တစားဖြင့် ကူညီဖြေရှင်းပေးရန် ကြိုးစားနေသည့် နိုင်ငံအားလု့းကို အထူးကျေးဇူးတင်ကြောင်း၊ အိမ်နီးချင်း နိုင်ငံများ အပါအဝင် နိုင်ငံတကာ အနေဖြင့် ဝိုင်းဝန်း ကူညီဖြေရှင်းပေးရာတွင် အရေးကြီးဆုံးမှာ ပြည်သူ့ဆန္ဒကို လေးစားလိုက်နာရန် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

“ပြည်သူလူထုကို ကိုယ်စားပြုတဲ့ တော်လှန်‌ရေး အင်အားစုတွေနဲ့ ပူးပေါင်းညှိနှိုင်းအဖြေရှာပေးဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဟာ ဒီတော်လှန်ရေးကို ပြင်းပြတဲ့ စိတ်ဓာတ်ကလွဲလို့ ဘာမှမရှိပဲလက်ဗလာနဲ့ စပြီး တော်လှန်ခဲ့ကြတာဟာ မတရားမှုတွေကို လက်မခံနိုင်လို့ ဒီစနစ်ဆိုးကြီး တကျော့ပြန်မလည် လာအောင် အပြီးထိ တိုက်ပွဲဝင်သွားကြမှာ ဖြစ်ပါတယ်။

တော်လှန်ရေးကြီး ပြီးဆုံးသွားတဲ့ တစ်နေ့ မြန်မာနိုင်ငံ နေရာဒေသအနှံ့အပြားက တိုင်းရင်းသားတွေ အားလုံးဟာ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ တိုင်းပြည်ကို အကောင်းဆုံးပြန်လည်တည်ဆောက်နိုင်မယ်ဆိုတဲ့ ယုံကြည် ချက်လည်း ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် အိမ်နီးချင်း နိုင်ငံများအပါအဝင် နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အချာအာဏာကိုလေးစားပေးပြီး မြန်မာ့အရေးကို ဝိုင်းဝန်း ကူညီပေးရေး နိုင်ငံခြားရေးဝန်ကြီးဌာနက အနေဖြင့် တိုက်တွန်းပြောကြားရန် ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက မှာကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လူစိတ်ပျောက်နေသော စစ်ကောင်စီအား ထောက်ခံလက်တွဲဆောင်ရွက်နေသည့် လုပ်ရပ် များရပ်တန်းကရပ်ရန် NUG ကျန်းမာရေး သတိပေး

သတင်း

မည်သည့်အခြေအနေဖြစ်စေ လူထုနှင့်အတူရှိရန်လိုဟု တော်လှန်ရေးဘက်တော်သားများအား သတိပေး

နိုင်ငံတကာ

တရုတ်ဆီကနေ စစ်သင်္ဘောနှစ်စီး လက်ခံရရှိမှာ ဖြစ်တယ်လို့ ကမ္ဘောဒီးယား အစိုးရက အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

ထီးချိုင့်မြို့နယ် ရှိ တရုတ်နိုင်ငံက ရာနှုန်းပြည့်ရင်းနှီးမြှပ်နှံထား​သော တကောင်းနီကယ်စက်ရုံကို ယာယီပိတ်သိမ်းရန် တရုတ်ဘက်က ပြင်ဆင်နေပြီး တရုတ်နိုင်ငံသားပညာရှင်အချို့လည်း နေရပ်ပြန်ရန်ပြင်ဆင်​နေကြ​ကြောင်း ဒေသခံများကပြောသည်။

Facebook