Connect with us

Hi, what are you looking for?

သတင်း

ကောလင်းစစ်ရှောင်များအား ဝင်​ငွေရှာနိုင်ရန် ခြင်းယက်နည်းသင်​ပေး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်း၌ စစ်ဘေးရှောင်များအား ခြင်းယက်နည်းသင်တန်းပို့ချပေးနေပြီး စျေးကွက်ဝင်ရောင်းချနိုင်သည်အထိ ကူ​ညီသွားမည်ဟု ပြည်သူမှ ပြည်သူသို့(ကောလင်း) အဖွဲ့က ပြောသည်။

စစ်ရှောင်များအား ခြင်းယက်သင်တန်းပို့ချပေးနေစဥ်။ ဓာတ်ပုံ-ပြည်သူမှပြည်သူသို့

​အင်ကြင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်း၌ စစ်ဘေးရှောင်များအား ခြင်းယက်နည်းသင်တန်းပို့ချပေးနေပြီး စျေးကွက်ဝင်ရောင်းချနိုင်သည်အထိ ကူ​ညီသွားမည်ဟု ပြည်သူမှ ပြည်သူသို့(ကောလင်း) အဖွဲ့က ပြောသည်။

ကောလင်းမြို့နယ်အနောက်ခြမ်းရှိ စစ်ဘေးရှောင်များ စားဝတ်နေရေးအတွက်အလုပ်အကိုင် ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ သက်မွေးပညာ ခြင်းယက်သင်တန်းအား ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာလဆန်းမှ စတင်ကာ သင်ကြားပေးနေပြီး စျေးကွက်အတွင်း ရောင်းချနိုင်သည်အထိ စီ

Public Service Announcement

Public Service Announcement

စဥ်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူမှ ပြည်သူသို့(ကောလင်း) အဖွဲ့က ပြောသည်။

သင်တန်းအား နေရာ၂ခု၌ ခွဲ၍ ဖွင့်လှစ်ခဲ့ပြီး သင်တန်းတက်ရောက်သူ စုစုပေါင်း ၃၄ ဦး ရှိကြောင်း ပြည်သူမှ ပြည်သူသို့(ကောလင်း)အဖွဲ့တာဝန်ခံ ကိုသဲကြီးက ပြောသည်။

https://www.facebook.com/LuduNwayOo/videos/1245056216635859

“စစ်ဘေးရှောင်တွေရဲ့ လက်တလောစားဝတ်နေရေးဖြေရှင်းနိုင်အောင် တက်နိုင်သမျှ ကူညီပေးတဲ့သင်တန်းဖြစ်တယ်။ အခုလိုအသက်မွေးဝမ်း

ကျောင်းပညာတွေ သင်ပေးနိုင်ဖို့အတွက် ဝိုင်းဝန်းကူညီပေးကြပါဦးလို့၊ အလှူရှင်တွေရဲ့လှူဒါန်းမှုတွေရှိမှသာ ကျွန်တော်တို့ကမြေပြင်မှာထပ်ဆင့် လှူဒါန်းပေးနိုင်မှာပါ။”ဟု ကိုသဲကြီးက ပြောသည်။

ကောလင်းမြို့နယ်အနောက်ခြမ်းတွင်စစ်ရှောင်ပြည်သူ နှစ်သောင်းကျော် ရှိနေပြီး မိုးရာသီဖြစ်၍ အမျိုးသမီးနှင့်ကလေးငယ်များအတွက် တုပ်ကွေးအန္တရာယ်ကြောင့်ခြင်ထောင်များလိုအပ်နေကြောင်း၊ ထို့အပြင် အမိုးအကာ၊ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များလိုအပ်နေကြောင်း ပြည်သူမှပြည်သူသို့ (ကောလင်း အဖွဲ့)ထံမှ သတင်းရရှိသည်။

ကောလင်းမြို့အား တော်လှန်ရေးအင်အားစုများက ယမန်နှစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက သိမ်းပိုက်နိုင်ခဲ့သော်လည်း ၃ လ ကျော်အကြာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းတွင််မူ စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ပြီး ထိန်းချုပ်ထားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။