Connect with us

Hi, what are you looking for?

သတင်း

မောင်ရွှေလေးရေတပ်ကို သိမ်းပြီးနောက်ဂွမြို့နယ်မှ စစ်တပ်စခန်းများကို AAက တိုက်ခိုက်နေ

မောင်​ရွှေ​လေး​ရေတပ်စခန်းကို သိမ်းယူပြီး​နောက် AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-AA Info Desk

ဇော်ရမ်း/People’s Spring

သံတွဲမြို့ရှိ နောက်ဆုံးကျန်ရှိနေသောမောင်ရွှေလေးရေတပ်စခန်းကိုသိမ်းယူပြီးနောက်ဧရာဝတီတိုင်းနှင့် ထိစပ်နယ်စပ်မြို့ဖြစ်သောဂွမြို့နယ်မှစစ်ကောင်စီစခန်းများကို အာရက္ခတပ်တော်(AA)က ဆက်လက်တိုက်ခိုက်နေသည်။

ရခိုင်ပြည်နယ်စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်

“ဂွမြို့နယ်နဲ့ ကျိန္တီလီမြို့ကြား အပြင်းဆုံးဖြစ်နေတာ။ ဒီမနက်လည်း ကုလားပြင်နဲ့ ဆားချက်ရွာနားမှာ တိုက်ပွဲဖြစ်နေတယ်။တိုက်ပွဲကဂွမြို့နားရောက်နေပြီးစစ်‌ရှောင်တွေကဧရာဝတီတိုင်းဘက်ကို ထွက်နေကြတုန်းပါပဲ” ဟု ဂွ မြို့ဒေသခံတစ်ဦးကပြောသည်။

မောင်ရွှေလေးရေတပ်စခန်းကိုစက်တင်ဘာ ၅ရက်ညနေတွင် အပြီးသတ်သိမ်းနိုင်ခဲ့ကြောင်း AAက စက်တင်ဘာလ ၆ရက်ညတွင် သတင်းထုတ်ပြန်သည်။ ထို​ကြောင့် သံတွဲ မြို့နယ် တစ်ခုလုံးစစ်​ကောင်စီတပ် စခန်းမကျန်​တော့​ပေ။

Public Service Announcement

Public Service Announcement

မောင်​ရွှေ​လေး​ရေတပ်စခန်းကို သိမ်းယူပြီး​နောက် AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-AA Info Desk

​မောင်​ရွှေ​လေး​ရေတပ်စခန်းနှင့် ဘဂ်လားပင်လယ်​အော်အတွင်း စစ်တပ်​ရေတပ်သ​ဘော်များက AA ၏ ထိုးစစ်ကို ကြည်းရေ​လေ ပူး​ပေါင်း၍ အပြင်းအထန် ခုခံ​နေသဖြင့် AA က ဂွ မြို့နယ် နှင့် ​တောင်ကုတ် မြို့ နယ်ရှိ စစ်တပ်စခန်းများကိုပါသြဂုတ် ၁ ရက်မှ တပြိုင်နက်ထိုးစစ်ဆင်​သော စစ်ဗျူဟာကို​ပြောင်းလဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဂွ မြို့သည်သံတွဲမြို့နှင့်မိုင် ၄၀ခန့် ဝေးပြီးဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နှင့်ထိဆက်နေသည်။ ဂွမြိုရှိ စစ်ကောင်စီစခန်းများ တိုက်ခိုက်ခံရပြီးနောက် ငါးသိုင်းချောင်း -ဂွလမ်းတွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည်။

“ဂွမှာလက်နက်ကြီးတွေထိုင်ထားတယ်။ ဆက်တိုက်ပစ်နေတာ။ အခြေအနေတွေက အမြဲတစေ သတိနဲ့နေနေကြရတယ်။ ရှောင်နိုင်သူတွေက ရှောင်ကြပါပြီ” ဟု ဂွမြို့ခံတစ်ဦးကပြောသည်။

မောင်​ရွှေ​လေး​ရေတပ်စခန်းကို သိမ်းယူပြီး​နောက် AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-AA Info Desk

စစ်ကောင်စီသည် ငါးသိုင်းချောင်း -ဂွလမ်း ရေနံ့သာစစ်ဆေးရေးဂိတ်တွင် တင်းတင်းကြပ်ကြပ်စစ်ဆေးနေကာ ရခိုင်ပြည်နယ်သို့ ဆန်နှင့် ဆေးဝါးအဝင်ပိတ်ထားသလို အခြားကုန်စည်များကိုလည်း ကန့်သတ်နေကြောင်း သတင်းရရှိသည်။

​မောင်​တောမြို့ရှိ လက်ကျန်စစ်တပ်စခန်းများကိုလည်းသိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်​နေ​ကြောင်းAA ကထုတ်ပြန်ထားသည်။သို့​သော် ဂွမြို့နယ်တိုက်ပွဲနှင့် ပတ်သက်၍ မူ AA ကသတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ ကျိန္တီလီမြို့ကိုမူ AA က သြဂုတ်လအတွင်းသိမ်းပိုက်ထိန်းချုပ်ထား​ကြောင်း ​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ အဝေးပစ်လက်နက်တွေအပြင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)နဲ့ တပ်ရင်းတွေအနီးက ကျေးရွာတွေ ဖျက်ဆီးကာ စစ်စခန်းတွေ တိုးချ ခံစစ်ပြင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။