Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးတပ်များသိမ်းပိုက်ထား​သော​​ ကျောတိုက်နယ်ရှိ ရေနံ​မြေကို စစ်​ကောင်စီတပ် ကြည်း၊​ လေ ပူး​ပေါင်းထိုးစစ်ဆင်၍ စခန်းပြန်စွန့်​ပေးရ

ဒေသခံပြည်သူများလည်းထွက်​ပြေးတိမ်း​ရှောင်​နေရ

သြဂုတ် ၁၅ ရက်က ​ကျောတိုက်နယ် ရှိ​ရေနံ​မြေ ကင်းစခန်း ၂ ခုကို PDF များသိမ်းပိုက်ပြီး​နောက်သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ၊ စစ်သုံ့ပန်းများနှင့် အတူ​တွေ့ရစဥ်။ဓါတ်ပုံ-အမှတ် (၁) စစ်​ဒေသ

စောနွေဦး/People’s Spring

ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်ရှိရေနံ နှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ပိုင်ရေနံမြေကို စစ်ကောင်စီက မြေပြင်နှင့်ဝေဟင်တို့မှ ထိုးစစ်ဆင်နေသဖြင့် တပ်စွဲထားသည့် ကာကွယ်ရေးတပ်များ စခန်းစွန့်ပေးခဲ့ရသည်ဟု ဒေသခံကာကွယ်ရေးတပ်များထံမှသိရသည်။

​ကျောတိုက်နယ်အတွင်းရှိ MOGE ရေနံ​မှော်ကင်းစခန်း ( Wall-1 ထုတ်လုပ်​ရေးစခန်း)နှင့် ​ရေနံကျင်းကင်းစခန်းကို ကာကွယ်ရေးတပ်များက ဩဂုတ် ၁၅ရက်တွင် တိုက်ခိုက်သိမ်းယူခဲ့သည်။

Public Service Announcement

Public Service Announcement

သို့​သော်​ရေနံ​​မြေကို စက်တင်ဘာ ၅ ရက်တွင် စစ်ကောင်စီကအင်အားအလုံးအရင်းဖြင့် ကြည်းတပ်၊​လေတပ် အသုံးပြုထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“အခုတော့ ကျောတိုက်နယ်မှာလူတွေအကုန်ရှောင်နေကြရတယ်။လေကြောင်းဗုံးကျဲတာကော မြေပြင်တိုက်ပွဲက လက်နက်ကြီးတွေကြောက်လို့ ရှောင်နေကြရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ကျော ကပစ( စစ်ကောင်စီကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ)က အင်အား ၁၅၀ဖြင့် စစ်ကောင်စီက စစ်ကြောင်းလေးကြောင်းခွဲကာထိုးစစ်ဆင်ပြီး Mi35ဖြင့် လေကြောင်းမှပစ်ကူပေးခဲ့သည်ဟု ၎င်းကဆက်​ပြောသည်။

ကာကွယ်ရေးတပ်များက ကျော MOGEရေနံမြေကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်က စစ်ကောင်စီတပ်မှ ကပစ-၂၃ မှ ဗိုလ်ကြီး သော်ဇင်အောင် နှင့် ဒု-ရဲအုပ် ကိုကိုအောင်အပါအဝင် ၁၂ဦးသေဆုံးပြီး ၁၂ ဦးကို အရှင်ဖမ်းဆီးခဲ့သည်။ လက်နက်မျိုးစုံ ၃၀လက်နှင့် ကျည်များသိမ်းစည်းရရှိခဲ့သည်။ ထိုစစ်ဆင်​ရေးကို ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း (၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉)၊ ABSDF၊ KKG တပ်ရင်း (၄၊ ၅၊ ၆)၊ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ (Hyper UAV Force) နှင့် ကျောတိုက်နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှပူး​ပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်​ကြောင်း အမှတ် (၁)စစ်​ဒေသကထုတ်ပြန်သည်။ ထိုတိုက်ပွဲတွင် ​တော်လှန်​ရေးတပ်မှ တစ်ဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook