Connect with us

Hi, what are you looking for?

သတင်း

ရေကြီးနေသည့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများနှောင့်နှေးနေ၍ ပိတ်မိသူများရှိနေ

ပရဟိတလုပ်ကိုင်သူအများစု ထွက်ပြေးတိမ်းရှောင်နေရ၍ ကူညီကယ်ဆယ်ရေး လူနည်းနေဟုဆို

တပ်ကုန်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာအုပ်စု၊ ဖောင်းတောကျေးရွာအတွင်း ပျက်စီးမှုများအား တွေ့ရစဥ်။ဓာတ်ပုံ-CJ

ဇေအောင်/People’s Spring

ရေကြီး၊ရေလျှံဖြစ်နေသည့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေ၍ ပိတ်မိသူများရှိနေဆဲဖြစ်ပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေသည်။

စက်တင်ဘာ ၁၁ရက်ကတည်းက ရေကြီးရေလျှံဖြစ်နေသော နေပြည်တော်၊ ပျဥ်းမနား၊ တပ်ကုန်းတဝိုက်ဒေသများ၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ ကူမဲ၊ မြစ်သားနယ်များတွင် ပိတ်မိသူများရှိနေဆဲဖြစ်ကြောင်း၊ ပိတ်မိသူများ စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

” သောက်သုံးရေ စားစရာအခက်အခဲဖြစ်နေပါတယ်။ ဆန်တစ်မျိုးပဲရှိပါတယ်။ ဆန်တောင်ဘုန်းကြီးကျောင်းကဆန်ပါ။ ဆန်ကလဲကုန်ပါတော့မယ်။ တံတားကလဲကျိုး၊ ရေတွေကလည်းပတ်ပတ်လည်ဝိုင်းနေပါတယ်။ ကယ်ဆယ်ရေးကလည်းမရောက်တဲ့ရွာလေးပါ။”ဟု တပ်ကုန်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာအုပ်စု၊ ဖောင်းတောကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဝမ်းတွင်းနှင့်​ မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာများ​တွင်လည်း ကယ်ဆယ်ရေးများရောက်မလာ၍ ပြည်သူများနေအိမ်ခေါင်မိုးပေါ်တက်နေနေရကြောင်း၊ ထမင်းထုပ်များပင် လာရောက်ပေးဝေနိုင်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

ရေကြီးဒေသများပြားနေ၍ ကယ်ဆယ်ရေးမလုံလောက်ခြင်း၊ ရောက်ရှိလာသည့် ကယ်ဆယ်ရေးသမားများမှာလ​ည်း နယ်စိမ်းဒေသဖြစ်၍ လမ်းမကျွမ်းခြင်း၊ ကောင်းစွာစီမံခန့်ခွဲပေးမည့်နယ်ခံမရှိခြင်း၊ ရေစီးသန်နေခြင်းတို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“လူကတော်တော်နည်းတယ်။ ကယ်ဆယ်ရေးကတစ်ရက်လုပ်ပြီးရင်လည်း ပြိုင်းသွားတာ။”ဝမ်းတွင်းမြို့နယ်ရှိ ပရဟိတသမားတစ်ဦးက ပြောသည်။

သဘာဝဘေးအန္တရာယ်ကြုံလာတိုင်း ကူညီနေကျ မြို့ခံ၊နယ်ခံ ပရိဟတသမားများမှာ စစ်ကောင်စီ၏ ဖမ်းဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရခြင်း၊ ရှိနေသည့် ပရဟိတသမားများမှာလည်း စစ်ကောင်စီလက်ထက်၌ လူသိမခံလို၍ ကယ်ဆယ်ရေးလုပ်ငန်းများ၌ ပါဝင်ရန်အခက်အခဲဖြစ်နေခြင်းတို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရကြောင်း ဒေသခံ ပရိဟတသမားအချို့က ပြောသည်။

“အခုက ရှေ့ထွက်ဖို့လည်း အဆင်မပြေဘူး။ ထွက်ရင်လည်းသိတဲ့အတိုင်း ဟိုကောင်တွေနဲ့ အန္တရာယ်ကမကင်းဘူး။ လုပ်နေတဲ့သူတွေကျတော့လည်း မကျွမ်းကျင်ဘူး။ တော်တော်ကိုအကြပ်ရိုက်တယ်”ဟု ဝမ်းတွင်းမြို့နယ်ရှိ ပရဟိတသမားတစ်ဦးက ပြောသည်။

ရမည်းသင်းမြို့နယ်တွင်လည်း ရေကြီးရေလျှံမှုကြောင့် ပြည်သူအများအပြားသေဆုံးခဲ့ပြီး စစ်ကောင်စီ၏ သတင်းအမှောင်ချထားမှုကြောင့် တိကျသေချာသည့် မြေပြင်သတင်းအချက်များကောက်ယူရန် အခက်အခဲများရှိနေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်

Facebook