Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ စခန်းစွန့်သွားသည့် လွတ်ရှမ်းရွာတပ်စခန်းမှ ခဲယမ်းအချို့ရ

KNLA၊ PDF ပူးပေါင်းတပ်က ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ၈ဦးသေဟု SOF ထုတ်ပြန်

လွတ်ရှမ်းရွာတပ်စခန်းအားသိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F

ဟန်နွေ/People’s Spring

ကရင်ပြည်နယ် ကြားအင်းဆိပ်ကြီးမြို့နယ် လွတ်ရှမ်းကျေးရွာရှိ စစ်ကောင်စီ၏ အထိုင်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် ဒရုန်း ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း PDF တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)က ယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ အင်အားကြီး အထိုင်စခန်းဖြစ်သည့် လွတ်ရှမ်းစစ်စခန်းသို့ ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် စစ်ကူပို့ သည့် စစ်ကောင်စီတပ်ကို ဩဂုတ် ၂၄ရက်တွင် တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၁၁ရက်တွင် တပ်စခန်းကို ထပ်မံထိုးစစ်ဆင်ခဲ့ရာ စက်တင်ဘာ ၁၂ရက်တွင် စစ်ကောင်စီတပ်များ စခန်းစွန့် ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ဩဂုတ် ၂၄ရက် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၈ဦးသေဆုံးကာ ၃၀ကျော် ဒဏ်ရာရရှိခဲ့ပြီး စက်တင်ဘာ ၁၁ရက် တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်က ဒဏ်ရာရရှိသူများ ရှိခဲ့သည်ဟု ဆိုသည်။ ထို့နောက် စက်တက်ဘာ ၁၂ရက် နံနက်တွင် ဒဏ်ရာရရဲဘော်များခေါ်ဆောင်၍ ရန်သူ ၇၀ကျော် စခန်းစွန့်ခွာသွားခြင်းဖြစ်ကြောင်း SOFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့နောက် အဆိုပါ တပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့များမှ နယ်မြေရှင်းလင်းရေးနှင့် မိုင်းများရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း၊ စစ်သုံးပစ္စည်းအနည်းငယ်နှင့် ကျည်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး နယ်မြေစိုးမိုးထိမ်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း SOFက ထုတ်ပြန်သည်။

အဆိုပါ တပ်စခန်းသိမ်းပိုက်နိုင်ရေး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်ခဲ့၍ နေအိမ်နှင့် ဘာသာရေး အဆောက်အဦး ပျက်စီးမှုများရှိခဲ့သည်ဟု ဖော်ပြသည်။

ထို့ပြင် စစ်ကောင်စီတပ်က ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသား ၂ဦးအား ဓားစာခံအဖြစ် ခေါ်ဆောင်ခဲ့ပြီး ညှင်းပမ်းနှိပ်စက်ကာ အဆိုပါ ဒေသခံများကို ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

လွတ်ရှမ်းရွာ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်မှုကို KNLA ၊ SOF၊ တောင်ညို၊ SOG ပူးပေါင်းအဖွဲ့နှင့် Dawna Dragon ဒရုန်းအဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့များ အတူပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

KNLA ပူးပေါင်းတပ်များသည် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်း ကျေးရွာ စစ်ကောင်စီ ဗျူဟာစခန်း သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိပြီး ဩဂုတ်ကတည်းက ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။