Connect with us

Hi, what are you looking for?

သတင်း

သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးအလုံး ၅၀ကျော် ကြဲတိုက်ခိုက်၊ ဒေသခံတစ်ဦးသေဆုံး

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့်သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၅၀)ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သီပေါမြို့အား စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့်သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၅၀)ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၆ရက် နံနက် ၉နာရီကစ၍ လေကြောင်းတိုက်ခိုက်မှု စတင်ခဲ့ရာ တိုက်ခိုက်ချိန် ၁နာရီ ကြာမြင့်ခဲ့ကြောင်း၊ထိုသို့တိုက်ခိုက်ခဲ့၍ လူနေအိမ်များ ပျက်စီးခဲ့သည့်အပြင် ဒေသခံ တစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ယမန်နေ့ ညကလည်း သီပေါမြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ သီပေါမြို့ဇတ်စုရပ်ကွက်အတွင်း ကျရောက် ပေါက်ကွဲကာ နေအိမ်တစ်လုံး မီးလောင်ပြာကျသွားခဲ့သည်ဟု ဆိုသည်။

TNLAသည် သီပေါမြို့ရှိ စစ်ကောင်စီလက်ကျန် တပ်စခန်း များအနက် ခလရ(၂၃)ကို စက်တင်ဘာ ၁၄ရက်တွင် ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ ယမန်နေ့ စက်တင်ဘာ ၁၅ရက်တွင် တိုက်ပွဲပြင်းထန်ခဲ့သည်။

ယနေ့ တိုက်ပွဲဖြစ်ပွားမှုရှိ၊မရှိ အပါအဝင် စစ်ရေးအခြေအနေများ မေးမြန်းရန် TNLAသတင်းပြန်ကြားရေးဌာန တာဝန်ခံ လွေးယေဦးထံသို့ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

စစ်ကောင်စီတပ်သည် ပြည်သူလူထုများအား ဦးတည်ကာ လေကြောင်းဖြင့် လိုက်လံဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရသူအများအပြားရှိသကဲ့သို့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း ဘာသာရေးအဆောက်အဦးနှင့် ဒေသခံနေအိမ် ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

Facebook