Connect with us

Hi, what are you looking for?

သတင်း

မြိတ်ခရိုင်အတွင်း မြို့နယ်သုံးခုတွင် စစ်ရေးအရှိန်မြှင့်မည်ဟု တိုင်းစစ်ဌာနထုတ်ပြန်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းရှိ ပုလော၊ မြိတ်နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား စစ်ရေးတင်းမာလျက်ရှိရာ အဆိုပါမြို့နယ်သုံးခုအတွင်း စစ်ရေးအရှိန်မြှင့်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းစစ်ဌာနက ယမန်နေ့ (စက်တင်ဘာ ၁၆ )ရက်စွဲဖြင့် ထုတ်ပြန်သည်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ ရဲဘော်အချို့ကို တွေ့ရစဥ်။ဓာတ်ပုံ - စစ်ကြောင်း- ၂

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းရှိ ပုလော၊ မြိတ်နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား စစ်ရေးတင်းမာလျက်ရှိရာ အဆိုပါမြို့နယ်သုံးခုအတွင်း စစ်ရေးအရှိန်မြှင့်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းစစ်ဌာနက ယမန်နေ့ (စက်တင်ဘာ ၁၆ )ရက်စွဲဖြင့် ထုတ်ပြန်သည်။

စစ်ကောင်စီသည် ၎င်းတို့ စစ်ကြောင်းထိုးလှုပ်ရှားနေသည့် နေရာတိုင်းတွင် အရပ်သားပြည်သူများအား အဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ အရပ်သားပြည်သူများကို အကာလအကွယ်ယူ၍ စစ်ရေးလှုပ်ရှားခြင်းများ ပြုမူကာ ပြည်သူများ၏ နေအိမ်များမီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလားတူ စစ်ကောင်စီ၏ အုပ်ချုပ်ရေးထောက်တိုင်ဖြစ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများသည် စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းလျက် ပြည်သူများအား အဓမ္မစစ်မှုထမ်းစေရန် လုပ်ဆောင်နေကြောင်း ထောက်ပြသည်။

တနင်္သာရီတိုင်းစစ်ဌာန ဗျူဟာ (၃၅)နယ်မြေကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ပူးပေါင်းစစ်ကြောင်းများမှ အထက်ပါမြို့နယ်များအတွင်း စစ်ရေးတိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်၊ အုပ်ချုပ်ရေးပစ်မှတ်များကိုပါ တိုက်ခိုက်ရှင်းလင်းသွားမည်ဟု အသိပေးသည်။

ထို့ကြောင့် ယင်းမြို့နယ်များရှိ ပြည်သူများအနေဖြင့် ပုလောမြို့နယ်တွင် ပြည်ထောင်စုလမ်းမကြီးအပိုင်း၊ မြိတ်မြို့နယ်တွင် မြိတ်မြို့အထွက် ကျောက်ဖြူတောင်လမ်းဆုံမှ သာရမဲ၊ အင်္ဂမော်၊ ကြေးနန်းတိုင် လမ်းတစ်လျှောက်နှင့် တနင်္သာရီမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးများပေါ်သွားလာရာတွင် နံနက်(၆)နာရီ မှ ည(၆)နာရီအတွင်းသာ သွားလာကြရန်၊ ခရီးသွားကားများအနေဖြင့် မှန်ချပြီးမှသာ မောင်းနှင်ကြရန်၊ ကုန်ကားများသည် အလုံပိတ်ဖုံးအုပ်ထားခြင်း(လုံးဝ) မပြုလုပ်ကြရန် အသိပေးနှိုးဆော်ထားသည်။

“အထက်ပါ သတ်မှတ်ချက်များသည် အကြမ်းဖက်စစ်ကောင်စီမှ အသွင်ယူလုပ် ဆောင်မှုများရှိနေ၍ လေးနက်စွာ တားမြစ်ခြင်းဖြစ်ပြီး လိုက်နာခြင်းမရှိ၍ အကြောင်းတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက သက်ဆိုင်သူ များ၏ တာဝန်သာဖြစ်ပါကြောင်း အထူး အသိပေးအပ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ရှိတွင် ပုလော၊ တနင်္သာရီနှင့် ကျွန်းစုမြို့နယ်များတွင် နှစ်ဖက်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာလျှက်ရှိရာ အင်အားဖြည့်တင်းခြင်း၊ အရပ်သားပြည်သူများအား ဓားစာခံဖမ်းဆီးခြင်းအပြင် နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများရှိနေကြောင်း စုံစမ်းသိရသည်။

“အင်အား အရမ်းများနေတယ်။ သူတို့(စစ်ကောင်စီတပ်)ဘက်က အင်အားအလုံးအရင်းနဲ့ တိုးဝင်လာနေတယ်။ ဘန်လောဘက်၊ ၆ မိုင်စခန်းနဲ့ ဆင်ခေါင်းတောင်ဘက်တွေမှာ အင် အားဖြည့်ထားတယ်။ သူတို့ဘက် အသေများထားတော့ မတိုးသေးဘူး။ ရှေ့ဆက်တိုးလာရင် ပွဲဖြစ်ပြီ”ဟု တနင်္သာရီမြို့နယ်အခြေစိုက် PDF ပူးပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တနင်္သာရီမြို့နယ်တွင် ယမန်နေ့(စက်တင်ဘာ ၁၆ရက်)က နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအခြေအနေအပြည့်အစုံအား မသိရသေးသော်လည်း အသာရထားကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

အလားတူ စက်တင်ဘာ ၁၂ရက်ကလည်း တနင်္သာရီနှင့် ကျွန်းစုမြို့နယ်အစပ်ရှိ နေရာသုံးခုတွင် တစ်ရင်တည်း တိုက်ခိုက်မှု (၃)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ရှစ်ဦးထက်မနည်းသေဆုံးကာ ကားတစ်စီးပျက်စီးသွားကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

စစ်ရေးဆိုင်ရာ ပူးတွဲကော်မတီတစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် ထိုင်းနဲ့ တရုတ်တို့ကြား ကနဦးအဆင့် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။