Connect with us

Hi, what are you looking for?

သတင်း

ကုလအထွေထွေညီလာခံ သဘာပတိနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ မြန်မာ့အရေးဆွေးနွေး

(၇၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိ မစ္စတာ ဖိလစ်မွန်ယန်းသည် မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံအခြေအနေကို ဆွေးနွေးခဲ့ကြောင်း ယနေ့(စက်တင်ဘာ ၁၇ရက်)ထုတ်ပြန်သည်။

ထားအိ/People’s Spring

(၇၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိ မစ္စတာ ဖိလစ်မွန်ယန်းသည် မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံအခြေအနေကို ဆွေးနွေးခဲ့ကြောင်း ယနေ့(စက်တင်ဘာ ၁၇ရက်)ထုတ်ပြန်သည်။

ကင်မရွန်းနိုင်ငံဝန်ကြီးချုပ်ဟောင်း မစ္စတာဖိလစ်မွန်ယန်းသည် စက်တင်ဘာ ၁၀ ရက် စတင်သော (၇၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ သဘာပတိတာဝန်ကို ယင်းနေ့တွင် စတင်ထမ်းဆောင်ခဲ့ကာ ၎င်းအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားဂုဏ်သိက္ခာ၊ ကျားမတန်းတူညီမျှမှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်သော စီးပွားရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ယုံကြည်မှုတည်ဆောက်ရေး၊ ဖြစ်ပွားနေသော ပဋိပက္ခများ ချုပ်ငြိမ်းစေရန် ကုလသမဂ္ဂမျက်နှာစာတွင် တိုးမြှင့်ဆောင်ရွက်ရေး၊ လူ့အခွင့်အရေး၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် တရားရေးရာမူဘောင်များ ခိုင်မာစေရေး စသည်တို့ကို ဦးစားပေးဆောင်ရွက်မည်ဟု စက်တင်ဘာ ၁၀ရက်တွင် ပြောကြားခဲ့သည်။

Public Service Announcement

Public Service Announcement

အထက်ပါ UNGA သဘာပတိနှင့် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့တွေ့ဆုံမှုတွင် မြန်မာနိုင်ငံအခြေအနေ၊ လက်ရှိ ကမ္ဘာတဝန်းဖြစ်ပေါ်နေသည့် အခြေအနေများ၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြောင်း X(twitter)စာမျက်နှာမှတဆင့် UNGA ရုံးက ထုတ်ပြန်သည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ လက်ရှိကျင်းပနေသော (၇၉)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံကို မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ဦးဆောင်တက်ရောက်နေခြင်းဖြစ်သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၁ စစ်အာဏာသိမ်းချိန်မှ လက်ရှိအချိန်အထိ မြန်မာပြည်သူလူထုနှင့်တသားတည်းရပ်တည်ကာ အာဏာသိမ်းစစ်ကောင်စီကျူးလွန်သည့် ရာဇဝတ်မှုများ၊ ရက်စက်ကြမ်းကြုတ်မှုများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာသိရှိရန် ရှင်းလင်းအစီရင်ခံနေခြင်းလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် ထားရှိဖို့အတွက် ထောက်ခံကြောင်း ဒီကနေ့ (အောက်တိုဘာ ၁၁)မှာ အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်နှင့် ၎င်း၏နိုင်ငံခြားရေးဝန်ကြီးကို လာမည့်ထိပ်သီးညီလာခံနှင့်အစည်းအဝေးများတွင် ဆက်လက်ပိတ်ပင်

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံရေး ဒီကနေ့ (အောက်တိုဘာ ၁၀)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပ​ရန် လုံးဝ မသင့်လျော်သည့် အခြေအနေမျိုးတွင် အကြမ်းဖက်စစ်တပ်သည် အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက နိုင်ငံတကာအသိုက်အဝန်းကို အသိပေးပြောကြားသည်။

Trending

Facebook