Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်တွင် စက်တင်ဘာလဝက်အတွင်း တိုက်ပွဲ ၆၃ကြိမ်ဖြစ်ဟု KNU အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန် ခရိုင်(မူတြော်ခရိုင်)တွင် စက်တင်ဘာလဝက်အတွင်းတိုက်ပွဲပေါင်း ၆၃ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်က သေဆုံးထိခိုက်များရှိခဲ့ကြောင်း KNU တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်ဖွဲ့ဝင်များအား ၂၀၂၂ ဒီဇင်ဘာ ၆ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန် ခရိုင်(မူတြော်ခရိုင်)တွင် စက်တင်ဘာလဝက်အတွင်းတိုက်ပွဲပေါင်း ၆၃ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်က သေဆုံးထိခိုက်များရှိခဲ့ကြောင်း KNU တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁ရက်မှ ၁၅ရက်အထိ စစ်ရေးသတင်းဖော်ပြရာ တိုက်ပွဲပေါင်း ၆၃ကြိမ်ဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်က ၁၈ဦးသေဆုံးကာ ၁၂ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲများအတွင်း အမှတ်(၅) တပ်မဟာ စစ်သည်တော်များနှင့် မဟာမိတ်ပူးပေါင်းစစ်သည်တော်များ ထိခိုက်ကျဆုံးမှုမရှိခဲ့ဟုလည်း အသိပေးသည်။

စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက် မှု ပြုလုပ်ခဲံပြီးထောက်ပို့လေယာဉ်ဖြင့် ၎င်းတို့ ရှေ့တန်းတပ်များအား လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာများ ဖြည့်တင်းခဲ့ကြောင်း ဖော်ပြသည်။

ထိုကဲ့သို့ လက်နက်ခဲယမ်းရိက္ခာများလာရောက်ပို့ဆောင်စဥ်အတွင်း လက်နက်ကြီး(၉၀)လုံးတိတိရမ်းသန်းပစ်ခတ်ခဲ့၍ ပြည်သူ တစ်ဦးသေဆုံးကာ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဖာပွန်ခရိုင်အတွင်း လက်ရှိ စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီးမေးမြန်းရန် တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုထံ ယနေ့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

KNU တပ်မဟာ(၅)နှင့် ပူးပေါင်းတပ်များသည် ဖာပွန်ခရိုင်အတွင်းကျန်နေသည့် စစ်ကောင်စီ ဗျူဟာကုန်းအပါအဝင် စစ်ကောင်စီတပ်စခန်းများအား ဖြတ်တောက်ပိတ်ဆို့မှုများ လုပ်ဆောင်ကာ ပြောက်ကျားတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသကဲ့သို့ စစ်ကောင်စီတပ်ကလည်း ၎င်းတို့ဆုံးရှုံးထားသည့် နေရာများကို ပြန်ရရေး စစ်ရေးလှုပ်ရှားမှုရှိနေ၍ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှူးကြီးစောကလယ်ဒိုက ယခင်က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ဖာပွန်ခရိုင် တွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ရာ ကလေးငယ်တစ်ဦး နှင့် ၎င်း၏ မိခင်သေဆုံးခဲ့ရပြီး ကလေးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNU တပ်မဟာ (၅) က သတင်းထုတ်ပြန်သည်။

သတင်း

သီပေါမြို့နယ် ခလရ(၂၃)တပ်ရင်းတွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတို့ ​အောက်တိုဘာ ၆ ရက်တွင်တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း TNLAကသတင်းထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့မှ စစ်ကောင်စီ၏ အမှတ်၃၀၉ ခြေမြန်တပ်ရင်း(ခမရ -၃၀၉)အနီး၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီစစ်ကြောင်း ​အောက်တိုဘာ ၆ ရက်နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း

နှစ်ဖက်ထိခိုက်မှုရှိပြီး စစ်ကောင်စီတပ် ထိခိုက်မှုပိုများဟု TNLAပြော

Facebook