Connect with us

Hi, what are you looking for?

သတင်း

ရေကြီးရေလျှံမှုများအတွက် EUက အရေးပေါ်အကူအညီ ယူရို ၁.၂ သန်း ပေးအပ်ရန် အသင့်ဖြစ်နေဟု ကြေညာ

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ရေကြီးရေလျှံမှုများအတွက် ဥရောပသမဂ္ဂ(EU)က အရေးပေါ်အကူအညီ ယူရို ၁.၂ သန်း ပေးအပ်ရန် အသင့်ဖြစ်နေပြီဟု ယနေ့(စက်တင်ဘာ ၁၈ရက်)တွင် ကြေညာသည်။

က​လောမြို့ ​ရေကြီးပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ- CJ

ထားအိ/People’s Spring

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ရေကြီးရေလျှံမှုများအတွက် ဥရောပသမဂ္ဂ(EU)က အရေးပေါ်အကူအညီ ယူရို ၁.၂ သန်း ပေးအပ်ရန် အသင့်ဖြစ်နေပြီဟု ယနေ့(စက်တင်ဘာ ၁၈ရက်)တွင် ကြေညာသည်။

ယာဂီတိုင်ဖွန်းမုန်တိုင်း၏ နောက်ဆက်တွဲ ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားရသော မြန်မာနိုင်ငံ ပြည်သူပြည်သားများအတွက် ဝမ်းနည်းကြောင်း မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂမှ ထုတ်ဖော်ပြောကြားပြီး ထိခိုက်ခံစားရသူများ၊ ၎င်းတို့၏မိသားစုဝင်များနှင့်အတူ ရှိနေကြောင်း ဖော်ပြသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကလည်း မြန်မာနိုင်ငံ ရေကြီးရေလျှံ ဒေသများအတွက် အရေးပေါ် စားနပ်ရိက္ခာအထောက်အပံ့များကို ယခုသီတင်းပတ်တွင် စတင်ပေးအပ်သွားမည်ဟု ယနေ့ ကြေညာသည်။။

Public Service Announcement

Public Service Announcement

ရေဘေးသင့်ပြည်သူ ၅ သိန်းအထိ ကူညီရန် လျာထားပြီး ဆန်၊ အားဖြည့်ဘီစကစ်နှင့် အာဟာရအထောက်အပံ့ တစ်လစာကို WFP ဝန်ထမ်းများ ကိုယ်တိုင် တိုက်ရိုက်ဖြန့်‌ဝေကူညီသွားမည်ဟု ဆိုသည်။ တိုင်ဖွန်းယာဂီမတိုင်မီ ဇူလိုင်နှင့် သြဂုတ်လအတွင်း WFP က အရေးပေါ်အကူအညီအဖြစ် ရေဘေးသင့်ပြည်သူ ၁၈၅,၀၀၀ ကို စားနပ်ရိက္ခာအကူအညီများ ပေးအပ်ခဲ့ကြောင်း အသိပေးသည်။

သတင်းအချက်အလက်များ အတည်ပြုနိုင်ရန် အခက်အခဲများရှိနေသော်လည်း နိုင်ငံတစ်ဝန်း ရေဘေးသင့်သူ ခန့်မှန်းခြေ ၆၃၁,၀၀၀ ဦးခန့် ရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် ရေကြီးရေလျှံခြင်းများနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကာ ရာနှင့်ချီ၍ သေဆုံးမှုများရှိခဲ့ပြီး အများအပြား ပျောက်ဆုံးလျက်ရှိကြောင်း ဖော်ပြသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ တိုင်းနှင့်ပြည်နယ် ၉ခုတွင် ပြည်သူ ၂၂၆ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးသူ ၇၇ဦးရှိကြောင်း သိရသည်။ သို့သော် အချို့မြို့နယ်များတွင် စစ်ကောင်စီက သေဆုံးထိခိုက်မှုစာရင်းကို ဖုံးကွယ်ရန် ကြိုးပမ်းမှုများရှိပြီး မြေပြင်တွင် သေဆုံးထိခိုက်သူအရေအတွက်မှာ စစ်ကောင်စီထုတ်ပြန်ချက်နှင့် များစွာကွာဟနိုင်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူများက ပြောသည်။

(ကလောမြို့ရေကြီးပြီးအခြေအနေကို တွေ့ရစဉ်။ ဓာတ်ပုံ-CJ)

ဆက်စပ်သတင်းများ

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ရေဘေးကယ်ဆယ်ရေး စစ်ကောင်စီ စနစ်တကျမစီမံနိုင်လို့ အန္တရာယ်ပိုကြီးလာ