Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမြို့တွင် သံအမတ်ကြီးဦးကျော်မိုးထွန်းအား ကုလသမဂ္ဂ၌ဆက်ခန့်ထားရေး ဆန္ဒထုတ်ဖော်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မြို့အဝင် ဆိုင်းဘုတ်ရှေ့တွင် တော်လှန်ပြည်သူများက သံအမတ်ကြီးဦးကျော်မိုးထွန်းအား မြန်မာပြည်သူလူထုကိုယ်စား ကုလသမဂ္ဂ၌ ဆက်ပြီးခန့်အပ်ထားရေးအတွက် ယနေ့ (စက်တင်ဘာ ၂၁) နံနက်က ဆန္ဒထုတ်ဖော်ခဲ့သည်။

ဓာတ်ပုံ - ဆားလင်းကြီးမြို့နယ်သပိတ်အင်အားစု

သုည/People’s Spring

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မြို့အဝင် ဆိုင်းဘုတ်ရှေ့တွင် တော်လှန်ပြည်သူများက သံအမတ်ကြီးဦးကျော်မိုးထွန်းအား မြန်မာပြည်သူလူထုကိုယ်စား ကုလသမဂ္ဂ၌ ဆက်ပြီးခန့်အပ်ထားရေးအတွက် ယနေ့ (စက်တင်ဘာ ၂၁) နံနက်က ဆန္ဒထုတ်ဖော်ခဲ့သည်။

ပြ​ည်သူများက “Our Ambassador Myanmars Voice ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံဖြစ်သည်” စာသားကိုင်ဆောင်ပြီး (၇၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေချိန် သံအမတ်ကြီးဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေးအတွက် ဆန္ဒပြခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ယင်းဆန္ဒပြလှုပ်ရှားမှုကို ဆားလင်းကြီးမြို့နယ်သပိတ်အင်အားစုဝင်များက ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။