Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံ​​ကြောင်း စစ်ကိုင်းတိုင်းက ပြည်သူတွေ ဆန္ဒထုတ်ဖော်

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂတွင်သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေး ထောက်ခံကြောင်း ဒီကနေ့ (စက်တင်ဘာ ၂၂)မှာ အသီးသီးဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂတွင်သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေး ထောက်ခံကြောင်း ဒီကနေ့ (စက်တင်ဘာ ၂၂)မှာ အသီးသီးဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာ 5/ဆလက လူထုသပိတ်စစ်ကြောင်း၊ 5/လက်ပံတောင်းစစ်ကြောင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း၊ ကျေးလက်တော်လှန်လူထုအသံသပိတ် စစ်ကြောင်းတွေ ပူးပေါင်းကာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကသာမြို့နယ်မှာလည်း ကျေးလက်ပြည်သူတွေနဲ့ လူထုအောင်လံ သပိတ်အဖွဲ့တို့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်​ရေး ဆန္ဒထုတ်ဖော်ခဲ့ပြီး မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် ဆက်လက်ထားရှိရေး တောင်းဆိုခဲ့ကြပါတယ်။

ကလေးဒေသအတွင်းက ကျေးရွာတစ်ရွာမှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်ကြောင်း လူထုထောက်ခံပွဲ တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်အင်အားစုက ဦးဆောင်ပြီး ကုလသမဂ္ဂသံတမာန်ရေးရာတိုက်ပွဲမှာ ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ထောက်ခံဆန္ဒပြုသပိတ် လှုပ်ရှားခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူတွေက “Our Ambassador Myanmars Voice ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်” စာသားတို့ကို ကိုင်ဆောင်ပြီး မြန်မာပြည်သူလူထုကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်၊ ကသာမြို့နယ်လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။