Connect with us

Hi, what are you looking for?

သတင်း

သီပေါမြို့လေကြောင်းတိုက်ခိုက်ခံရမှု မိသားစုဝင် ၄ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို ယမန်နေ့(စက်တင်ဘာ ၂၃ရက်)ညနေတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်တစ်အိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး မိသားစုဝင်လေးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သီပေါမြို့နယ် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အပျက်အစီးများ။ ဓာတ်ပုံ - Ma Gi

မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို ယမန်နေ့(စက်တင်ဘာ ၂၃ရက်)ညနေတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်တစ်အိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး မိသားစုဝင်လေးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သီပေါမြို့နယ် လီဆူးကျေးရွာကို ယမန်နေ့ညနေ ၃နာရီခွဲတွင် စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲချခြင်းဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” ကလေးတွေလည်းပါတယ်။ မြေးအဖွားလေးဦး သေဆုံးသွားတာ။ နာရေးတော့ လူမှုရေးအဖွဲ့တွေကလုပ်ပေးပြီးပြီ။ လေကြောင်းကတော့ လုံးဝစိတ်ချမရဘူး”ဟု သီပေါမြို့ခံတစ်ဦးကပြောသည်။

သီပေါမြို့မှ ရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင် စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် ဩဂုတ်၁၀ရက် ကစ၍ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မဟာမိတ်များက တိုက်ခိုက်ခဲ့ပြီး နောက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ မြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခလရ(၂၃)၊ ခမရ (၅၀၃)၊ ခမရ(၅၀၄)အတွင်းသို့ ဆုတ်ခွာသွားခဲ့ပြီး ဆက်လက်ခုခံနေသည်။

မြို့‌ပေါ်ကို TNLA က ထိန်းချုပ်ထားသည်။ သြဂုတ်လလယ်မှ စက်တင်ဘာလလယ်အထိ တိုက်ပွဲအရှိန်လျော့ကျသွားပြီးနောက် စက်တင်ဘာ ၂၀ရက်ကစ၍ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီသည် စက်တင်ဘာ ၁၉ရက်ကလည်း သီပေါမြို့နယ် ကုန်းသာကျေးရွာကို ပေါင်၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီသည် ယနေ့နံနက်အစောပိုင်းတွင် လားရှိုးမြို့ကိုလေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ဒေသခံတစ်ဦးသေဆုံးပြီး ၁၅ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့က ဒုဌဝတီမြစ်ဆိပ်နှစ်နေရာမှာ ‌သုံးရက်အတွင်း စက်လှေ နဲ့ ဖောင်နစ်မြုပ်မှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး လူငါးဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။