Connect with us

Hi, what are you looking for?

သတင်း

လွိုင်လင်လေးမြို့တွင် စစ်ကောင်စီတပ်တိုက်ခိုက်မှုကြောင့် ကိုရင်ကြီးနှစ်ပါး အပါအဝင် အရပ်သားပြည်သူ ၁၀ဦး သေဆုံး

ရှမ်း – ကရင်နီပြည်နယ်အစပ် လွိုင်လင်လေးမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် ကိုရင်ကြီးနှစ်ပါး အပါအဝင် အရပ်သားပြည်သူ ၁၀ဦး သေဆုံးကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့(KHRG)က ယမန်နေ့ညပိုင်းက ထုတ်ပြန်သည်။

ရဲခေါင်/People’s Spring

ရှမ်း – ကရင်နီပြည်နယ်အစပ် လွိုင်လင်လေးမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် ကိုရင်ကြီးနှစ်ပါး အပါအဝင် အရပ်သားပြည်သူ ၁၀ဦး သေဆုံးကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့(KHRG)က ယမန်နေ့ညပိုင်းက ထုတ်ပြန်သည်။

စက်တင်ဘာ ၅ ရက်မှ ၇ရက်အထိဖြစ်ပွားသော လွိုင်လင်လေးမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်ခြင်း နှင့် ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၃ရက်အတွင်း ကိုရင် အပါအဝင် အရပ်သားပြည်သူ သေဆုံးသူ ၁၀ဦးရှိကာ ထိခိုက်ဒါဏ်ရာရသူ ခုနစ်ဦးနှင့် တစ်ဦးပျောက်ဆုံးမှုရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၅ ရက်က စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးသည် ဘုန်းကြီးကျောင်းအတွင်း ကျရောက်ခဲ့ပြီး ကိုရင်ကြီးနှစ်ပါး လက်နက်ကြီးထိမှန် ပျံလွန်တော်မူခဲ့ပြီး ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုနေ့၌ ပင်စစ်ကောင်စီမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် အရပ်သား ပြည်သူ အမျိုးသားနှစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ကာ အမျိုးသားနှစ်ဦး၊ အမျိုးသမီးလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၁၃)နှစ်အရွယ် မိန်ကလေး တစ်ဦးပျောက်ဆုံးခဲ့ကြောင်း KHRG က အသိပေးသည်။

စက်တင်ဘာ ၆ ရက်နံနက်၁၀နာရီတွင် စစ်ကောင်စီတပ်မှ ဒရုန်းဗုံးကြဲမှုကြောင့် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့သည်။

စက်တင်ဘာ ၇ရက်တွင် စစ်ကောင်စီ၏ လက်နက် ကြီးကြောင့် အရပ်သားပြည်သူ အမျိုးသား နှစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

“ရေကြီးနေပေမယ့် စကစရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်တာတွေ မကြာခဏ ရှိနေတယ်။ တနေ့က(စက်တင်ဘာ ၂၁ရက်)က ဖယ်ခုံမြို့က လတိန်ကျေးရွာကို လေကြောင်းကနေဗုံးလာကြဲတာ အမျိုး သမီးတစ်ယောက် ဆုံးသွားတယ်။ကလေးငါးဦးနဲ့ လူကြီးလေးဦး ဒဏ်ရာရတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ကရင်နီ – ရှမ်းတောင်နယ်စပ်ရှိ စစ်ကောင်စီတပ်ဖွဲများ တပ်စွဲထားသောနေရာများအား စက်တင် ဘာ ၅ရက်ကစ၍ ကရင်နီတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယခုလ တတိယပတ်တွင် ထုတ်ပြန်ထားသည်။

ကရင်နီ – ရှမ်းတောင်နယ်စပ်ရှိ စစ်ကောင်စီတပ်များ တပ်စွဲစခန်းချထားသည့် လွိင်လင်လေးမြိုတွင်းရှိ ကာကင်းစခန်းများ ၊ ကျောင်းကုန်း ၊ ကုန်းဆွတ် ၊ အောင်ပလ ၊ ကယန်းလေးတာဝါတိုင်ကုန်း စသည့်နေရာများတွင် တပ်စွဲထားသော စစ်ကောင်စီစခန်းများအားဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၈ရက်အထိ (၄)ရက်ကြာ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည်။

လေးရက်ကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်မှုများခဲ့၍ လေကြောင်းဖြင့်ပစ်ကူပေးတိုက်ခိုက်ခဲ့ကာ ဒရုန်းများ ၊ လက်နက်ကြီးများဖြင့်တိုက်ခိုက်ခဲ့ ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲဝင် ၃၀ကျော်သေဆုံးကာ သုံးဦးအား အရှင်ဖမ်းဆီးရရှိခဲ့ပြီး လက်နက်ကြီး၊ငယ်အစုံ (၂၄)လက်အား တော်လှန်ရေး တပ်ပေါင်းစုံမှ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းမှတဆင့် ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီက အင်အားဖြည့်တင်းမှုများနှင့်အတူ စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဖယ်ခုံမြို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။