Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲမရှိဘဲ တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီဗုံးကြဲ က​​လေးငယ်အပါအဝင်နှစ်ဦး​သေဆုံးပြီးငါးဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများနေထိုင်သည့်ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲ​သော​ကြောင့်ဒေသခံ ၂ ဦးသေဆုံးပြီး ၅ ဦဒဏ်ရာ ရရှိခဲ့သည်။

စစ်​ကောင်စီ၏ တိုက်​လေယာဥ် ၂စီး ၂၀၁၉ တွင်​စစ်​ရေး​လေ့ကျင့်စဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ

မိထက်/People’s Spring

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများနေထိုင်သည့်ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲ​သော​ကြောင့်ဒေသခံ ၂ ဦးသေဆုံးပြီး ၅ ဦဒဏ်ရာ ရရှိခဲ့သည်။

တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမ နှင့် ကျောက်ဆိပ်ရွာကို ယမန်နေ့ (စက်တင်ဘာလ ၂၄ ရက်) ည၇ နာရီ ၄၀ မိနစ်တွင် ဂျက်ဖိုက်တာနှစ်စီးဖြင့်ဗုံးကြဲခဲ့ခြင်းဖြစ်​ကြောင်း ဒေသခံများကပြောသည်။

“ဘာဆိုဘာမှ ဘာတိုက်ပွဲမှမရှိဘူးဗျ။ညဘက်ကြီး လာပစ်တာ။ ပုသိမ်လေတပ်က တက်လာတာလို့ သိရတာပဲ။ ဒါက ဒေသခံတွေကို တည်ပစ်တာဗျ”ဟု တောင်ကုတ်မြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏လေကြောင်းဗုံးကြဲတိုက်ခိုက်မှုသည် တန်းလွဲရွာမနှင့် ကျောက်ဆိပ်ရွာအတွင် နေရာလေးခု၌ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲမှုတွင် ကလေးငယ်တစ်ဦးနှင့် အသက်၇၀ခန့် သက်ကြီးရွယ်ကိုတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးနှစ်ဦးအပါအဝင် ငါးဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု ဒေသခံတဦးကပြောသည်။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် သံတွဲမြို့နယ်နှင့်ထိဆက်နေသော တောင်ကုတ်မြို့နယ်တွင် ဇွန်လ ဆန်းမှစ၍ စစ်ရေးတင်းမာနေခြင်းဖြစ်သည်။ဇွန်လ ၁၄ရက်မှ စ၍ တောင်ကုတ်မြို့နယ် နေရာအချို့ကို စစ်ကောင်စီကလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည်။ ဇွန်လ ၁၅ ရက်နေ့ကတောင်ကုတ်မြို့၊ မီးချောင်းထိုး၊ မောင်းကန်နှင့် ကင်းတောင်ကျေးရွာတို့ကိုဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားတစ်ဦးသေဆုံးခဲ့သည်။

ဇွန်လ ၁၇ရက်နေ့လယ်က လက်နက်ကြီးပစ်ခတ်မှုတွင် တောင်ကုတ်တက္ကသိုလ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။ဇွန်လ ၁၈ ရက်နံနက် ၁၀နာရီခန့်က တောင်ကုတ်မြို့နယ်၊ကံဆိပ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ရာအသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင်သုံး ဦးသေဆုံးခဲ့သည်။

စစ်ကောင်စီနှင့်AAသည် ရခိုင်ပြည်နယ်နှင့်ပဲခူးတိုင်းဆက်သွယ်ထားသည့် တောင်ကုတ်- ပန်းတောင်း ကားလမ်းပိုင်းတွင် ဇွန်လ ၂၀ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ပြည်မြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ(ပြည်)မှ ရခိုင်ပြည်နယ်တောင်ကုတ်မြို့သို့ စစ်ကူသွားသည့် အင်အား ၁၅၀ခန့်ပါစစ်ကောင်စီစစ်ကြောင်းကို AAက တောင်ကုတ်- ပန်းတောင်း ကားလမ်းပိုင်း နေပူ တောင်အနီးတွင် ‌တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက တောင်ကုတ်မြို့အခြေစိုက် စစ်ဆင်ကွပ်ကဲမှုဌာနချုပ် စကခ(၅) ၊ခမရ (၃၄၆)နှင့် ခမရ (၅၄၄) တပ်ရင်းတို့မှနေ၍ လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့သလို လေကြောင်းမှလည်းတိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ခန့်သေဆုံးခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့က People’s Spring သို့ပြောသည်။ တိုက်ပွဲအတွင်း AAတပ်ဖွဲ့ဝင်အချို့လည်းကျဆုံးမှုရှိကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်၌ စစ်ရေးတင်းမာနေစဥ်ပြီးခဲ့သည့် ဇွန်လ ၁၈ရက်က တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇာနည်တိုး နှင့် မြို့နယ်စည်ပင်အုပ်ချုပ်ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်စိန်တို့ ထွက်ပြေးရာတောင်ကုတ်မြို့အထွက်စစ်​ဆေးရေးဂိတ်တွင် ‌စစ်ကောင်စီကဖမ်းဆီးခဲ့သည်။

စစ်ကောင်စီသည် တောင်ကုတ်မြို့နှင့် (၈) မိုင်ခန့်အကွာရှိ တောင်ကုတ်-အမ်း ကားလမ်းမပေါ်ရှိ “ရွှေကွမ်းစမ်းတံတား” ကိုလည်း ဇွန်လ (၁၃) ရက်နေ့တွင် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း AAက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် တောင်ကုတ်တက္ကသိုလ်အတွင်း ဝင်ရောက်တပ်စွဲထားသလို တောင်ကုတ်မြို့ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၅) ၊ခမရ (၃၄၆)နှင့် ခမရ (၅၄၄) တပ်ရင်းတို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်ခိုလှုံနေကြသည်။

တောင်ကုတ် မြို့ခံအချို့သည် နေရပ်စွန့်ခွာစစ်ဘေးရှောင် သွားကြပြီး ငွေကြေးမတတ်နိုင်သူများ အခက်အခဲရှိနေကြသည်။ ရခိုင်ပြည်နယ်တွင် စစ်ရေးတင်းမာနေသည့်မြို့နယ်များမှဒေသခံများအနေဖြင့် AAထိန်းချုပ်ဒေသများသို့ လာရောက်တိမ်းရှောင်နေကြရန် AAက ထုတ်ပြန်ထားသည်။စစ်ကောင်စီအနေဖြင့်လည်း စစ်ကို စစ်နှင့်တူအောင် တိုက်ခိုက်ရန်နှင့် စစ်ပွဲနှင့်မဆိုင်သည့် ရပ်ရွာ၊ မြို့နှင့် ဆေးရုံ၊ ဆေးခန်းများ၊ဘာသာရေးအဆောက်အဦးများ၊ ပြည်သူများနေထိုင်ရာဒေသများသို့ ဦးတည်မတိုက်ခိုက်ရန် AA က သတိပေးထားသည်။

အာရက္ခတပ်​တော်သည် ယခုအခါ ချင်းပြည်နယ် ပလက်ဝ မြို့နယ် နှင့် ​​​ရခိုင်ပြည်နယ်မှပေါက်​​တော ၊ ​ကျောက်​တော် ၊​မြောက်ဦး ၊မင်းပြား ၊ ရ​သေ့​တောင် ၊ ​မြေပုံ ၊ ပုဏ္ဏားကျွန်း ၊ဘူးသီး​တောင် ၊ရမ်းဗြဲ ၊သံတွဲ မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ထို​ကြောင့်ရခိုင်ပြည်နယ်တွင်

​မောင်​တော ၊ စစ်​တွေ ၊ အမ်း ၊​​တောင်ကုတ် ၊ဂွ ၊မာန်​အောင်မြို့နယ်တို့ကိုသာ တိုက်ခိုက်သိမ်းပိုက်ရန် ကျန်ရှိပြီး ​မောင်​တောမြို့နယ်တွင် မြို့​ပေါ်တွင်သာစစ်တပ်စခန်းအနည်းငယ်သာ သိမ်းပိုက်ရန်ကျန်ရှိ​တော့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် တော်လှန်ပြည်သူများက စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြရန် ယနေ့(အောက်တိုဘာ ၇) နံနက်က လှုံ့ဆော်ဆန္ဒပြခဲ့သည်။

သတင်း

ရွှေကျင်တိုက်ပွဲ စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

သတင်း

ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်အတွင်းသို့ စစ်ကောင်စီက ယနေ့(အောက်တိုဘာလ ၇ရက်) နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ​ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီ ကောက်ယူမယ့် သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့ ယနေ့ (အောက်တိုဘာ ၆) မှာ အသီးသီး လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

Facebook