Connect with us

Hi, what are you looking for?

သတင်း

ပို့ကုန်ရ​ငွေပြန်ယူလာ​ပေးသူများကို နိုင်ငံကြီးသားပီသသူဟု စစ်ကောင်စီဆို

ပို့ကုန် ကုမ္ပဏီ ၅၉ခုကို အမည်ပျက်စာရင်းမှ ပယ်ဖျက်

စောနွေဦး/People’s Spring

ပို့ကုန်ရငွေများကို ပြည်တွင်းဘဏ်စာရင်းသို့ပြန်ယူလာသည့် ကုမ္ပဏီ ၅၉ခုမှ ဒါရိုက်တာများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ကြောင်း နှင့် ကုမ္ပဏီများအနေဖြင့် နိုင်ငံကြီးသားပီသစွာပို့ကုန်ရငွေများ ပြည်တွင်းကိုပြန်လည်ယူဆောင်လာရမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ယနေ့ထုတ်ပြန်သည်။

ပို့ကုန်ရငွေများ ပြန်ယူလာရန် ကျန်ရှိသည့် ကုမ္ပဏီ ၁၃၇ ခုကို စစ်ကောင်စီက ၂၀၂၂ဇွန်လတွင် အမည်ပျက်စာရင်းသွင်းခဲ့သည်။ ထိုကုမ္ပဏီများထဲမှ စစ်ကောင်စီအလိုကျ ပို့ကုန်ရ​ငွေ ပြန်ယူလပေးသည့်ကုမ္ပဏီ၅၉ခုမှ ဒါရိုက်တာများကိုအမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးခြင်းဖြစ်သည်။

ထိုပြင်စစ်ကောင်စီဗဟိုဘဏ်က ယခုနှစ် နိုဝင်ဘာလကုန်အထိ ကုမ္ပဏီများအနေဖြင့် ပို့ကုန်ရငွေများ ပြည်တွင်းကို မပျက်မကွက်ယူလာကြရန်နှင့် နိုင်ငံကြီးသားပီသစွာလိုက်နာဆောင်ရမည်ဟုလည်း ဆိုသည်။

Public Service Announcement

Public Service Announcement

“နိုင်ငံခြားငွေရဖို့ ကုန်သည်တွေကို ချော့လိုက်၊ခြောက်လုပ်နေတာပါ။ အခုချိန်မှာ နိုင်ငံရေးစီးပွားရေးအတွက် မူဝါဒအတိုင်းလုပ်တာမျိုးမဟုတ်ဘဲနဲ့ သူတို့ နိုင်ငံခြားငွေရဖို့ကိုပဲ အားစိုက်လုပ်နေတာလေ”ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ထိုပြင် စစ်ကောင်စီက ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ပြန်လည်ယူဆောင်လာပါက ၂၅ ရာခိုင်နှုန်းကိုသာ တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့်ဝယ်ယူမည်ဖြစ်ပြီး ကျန် ၇၅ ရာခိုင်နှုန်းကိုဈေးကွက်ပေါက်ဈေးအတိုင်းအရောင်းအဝယ်လုပ်ခိုင်းမည်ဟုလည်း ဆိုသည်။

တိုင်းပြည်စီးပွားရေးကျဆင်းမှုနှင့်နိုင်ငံတကာပိတ်ဆို့မှုများကြောင့်နိုင်ငံခြားငွေရှားပါးနေသည့် စစ်ကောင်စီသည် လက်နက်ခဲယမ်းနှင့် ​လေယာဥ်ဆီဝယ်ယူရန် ​ဒေါ်လာလိုအပ်ချက်မြင့်မားသဖြင့် တိုင်းပြည်အတွင်း ရုန်းကန်နေရသည့် စီးပွားရေးလုပ်ငန်းရှင်များကို ဖိအားပေး ​ခေါင်းပုံဖြတ်​နေခြင်းဖြစ်​ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook