Connect with us

Hi, what are you looking for?

သတင်း

သီပေါရှိ ခမရ(၅၀၃) နှင့် ခမရ(၅၀၄)တပ်ရင်း များကို TNLA အပြီးသတ်သိမ်းပိုက်ထိန်းချုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅၀၃ နှင့် အမှတ် ၅၀၄ခြေမြန်တပ်ရင်း ( ခမရ-၅၀၃ ၊ခမရ-၅၀၄) တပ်ရင်းများကို တအာင်းတပ်မတော်(TNLA) က စက်တင်ဘာ၂၇ ရက်မနက်အစောတွင် အပြီးသတ် ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်မြေပြင် သတင်းရင်းမြစ်က ပြောသည်။

(ရှေ့တန်းတစ်​နေရာမှ TNLA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TNLA

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅၀၃ နှင့် အမှတ် ၅၀၄ခြေမြန်တပ်ရင်း ( ခမရ-၅၀၃ ၊ခမရ-၅၀၄) တပ်ရင်းများကို တအာင်းတပ်မတော်(TNLA) က စက်တင်ဘာ၂၇ ရက်မနက်အစောတွင် အပြီးသတ် ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်မြေပြင် သတင်းရင်းမြစ်က ပြောသည်။

ခမရ(၅၀၃)တပ်ရင်းကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ဒေသခံ အချို့နှင့် ဒေသတွင်းသတင်းဌာန ရွှေဖီမြေက ဖော်ပြချက်နှင့်ပတ်သက်ပြီး စစ်မြေပြင် သတင်းရင်းမြစ်အား မေးမြန်းရာ

Public Service Announcement

Public Service Announcement

“ဟုတ်တယ်။ ဟုတ်တယ်။ တစ်ခုမဟုတ်ဘူး။ သီပေါမှာ ၂၃ (ခလရ ၂၃) တပ်ပဲ ကျန်တော့တာ။ ၅၀၃ ၊၅၀၄ လည်း ဒီမနက်ပေါ့ အပြီးသတ် ကျနော်တို့ဘက်က ထိန်းချုပ်လိုက်ပြီ” ဟု စစ်မြေပြင် သတင်းရင်းမြစ်က ပြောသည်။

သီပေါ၌ စစ်ကောင်စီတပ်ရင်း သုံးခုကျန်နေရာမှတပ်ရငးနှစ်ခုကို သိမ်းပိုက်နိုင်ပြီဖြစ်၍ ​နောက်ဆုံးကျန်​နေ​သော ​ အမှတ် ၂၃ ​ခြေလျင်တပ်ရင်း (ခလရ-၂၃)ကို ထပ်မံ သိမ်းနိုင်ပါက သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များ ကင်းစင်သွားမည်ဖြစ်သည်။ လက်ကျန်တပ်စခန်းခလရ(၂၃)တွင်လည်း ယနေ့ တိုက်ပွဲဆက်ဖြစ်နေကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက သီပေါနှင့် နောင်ချိုတွင် တိုက်ပွဲဆက်ဖြစ်နေကြောင်း ပြော​​သော်လည်း သို့ရာတွင် သီပေါရှိ စစ်ကောင်စီ တပ်ရင်းအချို့ သိမ်းပိုက်နိုင်မှုကို အတည်မပြနိုင်သေးဟု ၎င်းက ယနေ့ ပြောပြသည်။

TNLA အနေဖြင့် လက်ရှိတွင် သီပေါမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ ယခုနှစ် ဇွန်လနောက်ဆုံးပတ်မှစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းတွင် နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲနှင့် သီပေါမြို့များကို PDFများ ၊မဟာမိတ်တပ်များနှင်အတူ သိမ်းပိုက်ထားသည်။ထို​နောက် နောင်ချို့မြို့နယ် ၊​တောင်ခမ်းရှိ လက်ကျန် စစ်တပ်အ​မြောက်တပ်ရင်း နှင့် သီပေါမြို့နယ်ရှိ လက်ကျန်တပ်ရင်း ၃ ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

(​ရှေ့တန်းတစ်​နေရာမှ TNLA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TNLA)

ဆက်စပ်သတင်းများ

သတင်း

သီပေါမြို့နယ် ခလရ(၂၃)တပ်ရင်းတွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတို့ ​အောက်တိုဘာ ၆ ရက်တွင်တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း TNLAကသတင်းထုတ်ပြန်သည်။

သတင်း

စစ်​ကောင်စီက သီပေါမြို့အားက​အောက်တိုဘာ ၅ ရက် တွင်လက်နက်ကြီးပစ်ခတ်မှုနှင့် ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ(၁)ဦး သေဆုံးပြီး ကလေး(၂)ဦး အပါအဝင်(၈)ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

သတင်း

လားရှိုးကို ယနေ့ နေ့လည်တွင်ထပ်မံ ဗုံးကြဲ

သတင်း

တောင်ခမ်း (၉၀၂)တပ်ရင်းသို့ လေယာဉ်ဖြင့် လက်နက်ခဲယမ်း ၆၀ ထုပ်ကြဲချ ဖြည့်တင်း

Facebook