Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီထုတ်ပြန်ချက် နိုင်ငံ​ရေးအမြတ်ထုတ်မှုဖြစ်ပြီးလက်ခံမည်မဟုတ်​ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ​ကြေညာ

တရားမဝင်အာဏာသိမ်းစစ်တပ်၏ ဖိတ်ခေါ်ချက် သည် ပြဿနာများပိုမိုဖန်တီးစေမည့် နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုဖြစ်ပြီးဖိတ်ခေါ်ချက်ကို လက်ခံမည်မဟုတ်ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ -IEC ကယနေ့ (စက်တင်ဘာ ၂၈)ထုတ်ပြန်လိုက်သည်။

IEC ​ခေါင်းဆောင်များ။ ဓါတ်ပုံ- IEC

ရဲခေါင်/People’s Spring

တရားမဝင်အာဏာသိမ်းစစ်တပ်၏ ဖိတ်ခေါ်ချက် သည် ပြဿနာများပိုမိုဖန်တီးစေမည့် နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုဖြစ်ပြီးဖိတ်ခေါ်ချက်ကို လက်ခံမည်မဟုတ်ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ -IEC ကယနေ့ (စက်တင်ဘာ ၂၈)ထုတ်ပြန်လိုက်သည်။

အာဏာသိမ်းစစ်တပ်သည်ပြည်သူများအား အတင်း အဓမ္မစစ်မှုထမ်းစေခြင်း၊သန်းခေါင်စာရင်း ကောက်ယူရန်အားထုတ်နေခြင်း ၊နိုင်ငံရေးထွက်ပေါက်ရယူရန် ရွေးကောက်ပွဲပြုလုပ်ရန်ကြိုးပမ်းခြင်း၊ဒီမိုကရေစီအင်အားစုများအကြား သွေခွဲရန်ရည်ရွယ်ချက်ဖြင့် အတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းခြင်းစသည့် အချက်များ ပါဝင်သည့် ထုတ်ပြန်ချက်ဟုတစ်ခု ပြု လုပ်ခြင်းဖြစ်​ကြောင်း IEC ကသုံးသပ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်တွင် တော်လှန်ရေးအင်အားစုများအနေဖြင့် လက်နက်ကိုင်လမ်းစဥ်ကိုစွန့်၍ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်သော်လည်း ကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှသော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်သည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ဖိတ်ခေါ်ချက်သည် လက်ရှိ နိုင်ငံရေး အကြပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာကို ပိုမိုဖန်တီးစေမည့် နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခု ဖြစ် သည်ဟု IEC က ရှုမြင်သည်။

ထို့ကြောင့် IEC သည် တရားမဝင်အာဏာသိမ်းစစ် တပ်၏ ဖိတ်ခေါ်ချက်ကို လက်ခံညှိနှိုင်းမည်မဟုတ်ဘဲ စစ်မှန်သော ဖယ်ဒရယ်စနစ်ဖြစ်ပေါ်ရေးကြိုးပမ်းမည် ဖြစ်ကာ ကရင်နီပြည်အတွင်း ၎င်းတို့၏မတရားလုပ် ဆောင်မှုကို တားမြစ်သွားမည်ဟု ​ဖော်ပြထားသည်။

အခြားပြည်နယ်များနှင့် ဖက်ဒရယ်ယူနစ်များအနေဖြင့် လူထုဆန္ဒအတိုင်း ညီညွတ်စွာ ဆက်လက်ရပ်တည်ကြရန်လည်း IEC က တိုက်တွန်းသည်။

အထွေထွေရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်၍ လူထုထံမှ အာဏာယူကာ စစ်ကောင်စီသည် စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စဥ်ဆက်မပြတ်ကျူးလွန်ခဲ့ပြီး စစ်ဘေးရှောင်စခန်းများ၊စာသင်ကျောင်းများ၊ပြည်သူ့ဆေးရုံများ၊ဘာသာရေး အဆောက်အဦးများနှင့်လူထု အိုးအိမ်များကိုပစ်မှတ်ထားကာ လက်နက်ကြီး၊လေကြောင်းဖြင့် မြန်မာနိုင်ငံအနှံ့တိုက်ခိုက်ကျူးလွန်ခဲ့၍ ကလေးငယ်နှင့်အမျိုး သမီးများအပါအဝင် အပြစ်မဲ့ ပြည်သူ အမြောက် အမြားသေဆုံးခဲ့ကြောင်းလည်းဖော်ပြသည်။

စစ်ကောင်စီ၏ ကြေညာချက်ထွက်လာပြီးနောက် အဆိုပါဖိတ်ခေါ်မှုကို အယုံအကြည်မရှိ၊စိတ်မဝင်စားကြောင်း တော်လှန် ရေးအဖွဲ့များကအသီးသီးတုံ့ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook