Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလ၌ ဆက်လက်ခန့်ထားရေး ယင်းမာပင်ပြည်သူများ ဆန္ဒပြတောင်းဆို

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စျေးတစ်ခု၌ သပိတ်အင်အားစုနှင့် တော်လှန်ပြည်သူများကသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂတွင် ဆက်လက်ထားရှိရေး ဆန္ဒပြတောင်းဆိုမှုကို ယနေ့ (စက်တင်ဘာ ၂၉) နံနက်က ပြုလုပ်ခဲ့သည်။

သုည/People’s Spring

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စျေးတစ်ခု၌ သပိတ်အင်အားစုနှင့် တော်လှန်ပြည်သူများကသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂတွင် ဆက်လက်ထားရှိရေး ဆန္ဒပြတောင်းဆိုမှုကို ယနေ့ (စက်တင်ဘာ ၂၉) နံနက်က ပြုလုပ်ခဲ့သည်။

အဆိုပါ တော်လှန်ပြည်သူများက မြန်မာပြည်သူများ၏ ကိုယ်စားပြုဖြစ်သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကမ္ဘာကုလသမဂ္ဂတွင် ဆက်လက်နေရာထားရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ပြီး ဦးကျော်မိုးထွန်း​၏ရုပ်ပုံပါ တီရှပ်များဝတ်ဆင် ဆန္ဒပြခဲ့ကြသည်။

Public Service Announcement

Public Service Announcement

အဆိုပါဆန္ဒပြသပိတ်ကို ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီဝင်များနှင့် လူငယ့်အားမာန်သပိတ်ကော်မတီဝင်များ ပူးပေါင်းချီတက်ဆန္ဒပြခဲ့ကြပြီး စျေးသူ၊စျေးသား ပြည်သူများက ပူးပေါင်းဝန်းရံခဲ့ကြသည်။

ဓာတ်ပုံ – လူငယ့်အားမာန်သပိတ်စစ်ကြောင်း

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။