Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်တွင် PDF အယောင်ဆောင် ပြည်သူများထံ ခြိမ်းခြောက်ငွေတောင်းသူတစ်ဦးဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့တွင် တော်လှန်ရေးရဲဘော် PDF အယောင်ဆောင် ပြည်သူများထံ ခြိမ်းခြောက်ငွေတောင်းနေသူတစ်ဦးအား ဖမ်းဆီးရမိကြောင်း ကန့်ဘလူခရိုင် အမှတ်(၄)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။

PDF အယောင်ဆောင် ခြိမ်းခြောက်ငွေတောင်းခံခဲ့သည့် သန်းထိုက်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-ကန့်ဘလူခရိုင် အမှတ်(၄)တပ်ရင်း

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့တွင် တော်လှန်ရေးရဲဘော် PDF အယောင်ဆောင် ပြည်သူများထံ ခြိမ်းခြောက်ငွေတောင်းနေသူတစ်ဦးအား ဖမ်းဆီးရမိကြောင်း ကန့်ဘလူခရိုင် အမှတ်(၄)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။

ဇီးကုန်းမြို့၊ နဂါးပေါ်ရပ်ကွက်တွင်နေထိုင်သည့် သန်းထိုက်ဦး(ခ)ငသီးသည် PDF အယောင်ဆောင်ကာ ပြည်သူများအပေါ် ခြိမ်းခြောက်ငွေညှစ်တောင်းခံနေသောကြောင့် ကန့်ဘလူခရိုင် အမှတ်(၄)တပ်ရင်း၊ စစ်ထောက်လှမ်းရေးဌာနက ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်​တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အဆိုပါတပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“သူက အရင်က PDFထဲလည်း မ၀င်ဖူးပါဘူး။ ခြိမ်းခြောက်ငွေညှစ်ခံရတဲ့ ပြည်သူအရေအတွက်ကတော့ ငွေညှစ်ခံရသူများရဲ့လုံခြုံရေးအရ ပြောလို့အဆင်မပြေပါခင်ဗျ။ ပြည်သူတချို့ပါ။ လိုအပ်တာ‌တွေကို ဆက်လက်စုံစမ်းစစ်ဆေးပြီး ဥပဒေအတိုင်းဆောင်ရွက်သွားမှာပါ။ပြည်သူတချို့ဆီက လိမ်ယူထားတဲ့ငွေတချို့လည်း ပြန်လည်အပ်နှံတာတွေလုပ်ပြီးပါပြီ။”ဟု ကန့်ဘလူခရိုင် အမှတ်(၄)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။

ပြည်သူများအနေဖြင့် အလားတူကိစ္စရပ်များပေါ်ပေါက်လာပါက ကန့်ဘလူခရိုင် အမှတ်(၄) တပ်ရင်းထံ တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

အလားတူ မန္တလေး၊ မုံရွာ၊ နွားထိုးကြီး၊ မြင်းခြံ၊ပုဂံညောင်ဦးဒေသများတွင်လည်း PDF အယောင်ဆောင်၍ ပြည်သူများထံမှ ခြိမ်းခြောက်ငွေတောင်းခံမှုများဖြစ်ပွားနေ၍ ပြည်သူများသတိပြုရန်နှင့် တောင်းခံမှုကြုံရပါက PDFအဖွဲ့များထံ ဆက်သွယ်သတင်းပေးရန် ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အယောင်ဆောင်ပြီး လူသတ် အဓမ္မကျင့်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စံပါယ်နံ့သာစစ်ဆေးရေးဂိတ်မှာ ကုန်ကားတွေဖမ်းဆီးခံရပြီးတဲ့နောက် ကုန်ကားသမားတွေဟာ ကွင်းလမ်းကို အသုံးပြုသွားလာနေရတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်စပ်မှာတိုက်ပွဲတွေကြောင့်ကျေးရွာပေါင်း၂၀ ကျော် တိမ်းရှောင်နေရပြီး စစ်ရှောင်ပြည်သူတွေဟာ အကူအညီတွေလိုအပ်နေပါတယ်။

သတင်း

စစ်​တပ်ဗျူဟာမှူး​သေပြီး စစ်သုံ့ပန်းအများအပြားဖမ်းဆီးရရှိဟု PDF အချို့​ပြော