Connect with us

Hi, what are you looking for?

သတင်း

သီပေါမြို့မှာ လေကြောင်းနဲ့လက်နက်ကြီးရန်ကြောင့် အရပ်သား ၄ ဦီးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ်မှာ စက်တင်ဘာလကုန်ပိုင်းက လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးအပါအဝင်အရပ်သား ၄ ဦးသေဆုံးတယ်လို့ ဒေသတွင်း ပရဟိတအဖွဲ့တွေ ထံကသိရပါတယ်။

ဓာတ်ပုံ - Shar Htat Paing/FB

ဆိုင်းမင်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ်မှာ စက်တင်ဘာလကုန်ပိုင်းက လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးအပါအဝင်အရပ်သား ၄ ဦးသေဆုံးတယ်လို့ ဒေသတွင်း ပရဟိတအဖွဲ့တွေ ထံကသိရပါတယ်။

စက်တင်ဘာလ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ မြို့ပေါ် နဲ့ သီပေါမြို့နယ်ထဲက ခါလိန်းကျေးရွာတို့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ခံရတာဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တာပါ။

Public Service Announcement

Public Service Announcement

လေကြောင်းနဲ့လက်နက်ကြီး ရန်ကြောင့် ခါလိန်ရွာမှာ ၃ ဦး ၊ မြို့ပေါ် ဓမ္မာရုံက ဂေါပက အဖွဲ့ဝင် သက်ကြီးပိုင်း အမျိုးသား ၁ဦီး စုစုပေါင်း ၄ ဦီးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ခါလိန်ရွာကသေဆုံးသူ အရပ်သားတွေထဲမှာ ၅ နှစ်အရွယ် ကလေးငယ် ပါဝင် တယ်လို့သိရပါတယ်။

ဒါအပြင် သီပေါမြို့ ဇာတ်စုရပ် မှာ ၄ ဦီး ၊ ပန်းတိမ်မြောက်ရပ်မှာ ၂ ဦီး ၊ စျေးရပ်ကွက်မှာ ၂ ဦီး စုစုပေါင်း အရပ်သား ၈ ဦးလည်း လေကြောင်းနဲ့လက်နက်ကြီး ရန်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

နယ်စည်းမခြား အရေးပေါ်အသက်ကယ်ဆယ်ရေးအသင်း(သီပေါ) ရဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ သေဆုံးသူအရပ်သားရုပ်အလောင်းတွေမှာ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတွေ တစစီဖြစ်သွားတာတွေ့ရပါတယ်။

သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရသူတွေရဲ့ အမည် ၊ ကျား၊ မ ၊ အသက်အရွယ်တွေကိုတော့ စုံစမ်းနေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ရက် ကလည်း သီပေါမြို့ ၊ နားလွယ်ကျေးရွာကို လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ရာ မြေအဖွား ၄ ဦီးနေရာတင်သေဆုံးခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း က သီပေါမြို့ကို သိမ်းယူဖို့အတွက် ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂)မှာ တအာင်းတပ်(TNAL) က ထိုးစစ်ဆင်ခဲ့ပြီး မြို့ပေါ် ကို ထိန်းချုပ်ထားနိုင်တယ်လို့သိရပါတယ်။

မြို့ပြင်မှာတော့ စစ်ကောင်စီတပ်ရဲ့ ခြေလျင်နဲ့ ခြေမြန်တပ်ရင်း ၃ရင်း ရှိနေပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။

Facebook