Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ​၏ စက်သုံးဆီဝယ်ယူခွင့်ကတ် နမှုနာ ထွက်လာ

စစ်ကောင်စီ​၏ စက်သုံးဆီဝယ်ယူခွင့်ကတ် (စမတ်ကတ်)နမှုနာများထွက်လာပြီး ယခု အောက်တိုဘာအတွင်း စတင်အကောင်အထည် ဖော်တော့မည်ဟု စက်သုံးဆီအရောင်းဆိုင်အချို့က ပြောသည်။

နမှုနာထွက်ရှိလာသည့် စက်သုံးဆီဝယ်ယူခွင့်ကတ် ပြားအားတွေ့ရစဥ်။ ဓာတ်ပုံ - CJ

ရဲခေါင်/People’s Spring

စစ်ကောင်စီ​၏ စက်သုံးဆီဝယ်ယူခွင့်ကတ် (စမတ်ကတ်)နမှုနာများထွက်လာပြီး ယခု အောက်တိုဘာအတွင်း စတင်အကောင်အထည် ဖော်တော့မည်ဟု စက်သုံးဆီအရောင်းဆိုင်အချို့က ပြောသည်။

စက်သုံးဆီဝယ်ယူခွင့် စမတ်ကဒ်သည် နိုင်ငံခြားငွေ သုံးစွဲမှုလျှော့ချရန် ကြံစည်နေသည့် စစ်ကောင်စီ၏ ကြိုးပမ်းမှုဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆီဝယ်ယူခွင့်ကတ်ပြားကို ယာဉ်နှင့်တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ပြီး ဆီဝယ်ယူခွင့်ကတ် ပြားပါယာဥ်ဖြင့်သာ စက်သုံးဆီဝယ်ယူရမည်ဟု သတ်မှတ်ထားသည်။

“ကတ်ပြားက တစ်ရက်တစ်ကြိမ်ပဲပေးမှာလား။ပြီးတော့ ကတ်ပြားထုတ်ရမယ့်စနစ်တွေစတဲ့ မူဝါဒတွေကတော့ ညှိနေတုန်းပဲဲ။ဒါပေမယ့် ဒီလထဲ စအကောင် အထည်ဖော်ဖို့များတယ်”ဟု မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတာသူဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စက်သုံးဆီ ဝယ်ယူခွင့်ကတ်ပြားသည် ဆီဝယ်ယူချိန် ကားနံပါတ်၊ ယာဉ်အမျိုးစား၊ ဝယ်ယူသည့် ဆီအမျိုးအစားကို အချက်အလက်ကောက်ယူမည့် ကတ်အမျိုးအစားဟု ဆိုသည်။

နမှုနာထွက်ရှိလာသည့် စက်သုံးဆီဝယ်ယူခွင့်ကတ် ပြားအားတွေ့ရစဥ်။ ဓာတ်ပုံ – CJ

“စက်သုံးဆီနဲ့ အသုံးပြုရတဲ့ ထွန်စက်၊ ရိတ်စက်၊ လုပ်ငန်းသုံးမီးစက်တွေ၊လှေနဲ့ သဘော်တွေအတွက်ဘယ်လိုလုပ်မလဲ။လုပ်လိုက်ရင် ဥာဏ်ကြီးရှင်တွေ”ဟု စက်သုံးဆီသုံးစွဲနေသူတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစက်သုံးဆီစျေးမှာ စံချိန်တင်မြင့်တက်ခဲ့ပြီး စက်သုံးဆီပြတ်လပ်မှုမှာလည်း မကြာခဏ ဖြစ်ပွားခဲ့သည်။

ယနေ့(အောက်တိုဘာ ၄ရက်)တွင် စက်သုံးဆီရန်ကုန်စျေးကွက် ရည်ညွှန်းစျေးအရ ၉၂ တစ်လီတာ ၂,၉၅၅ ကျပ်၊၉၅ တစ်လီတာ ၃,၁၅၀ကျပ်၊ဒီဇယ်တစ်လီတာ ၂,၅၇၀ ကျပ်နှင့် ပရီ မီယံ ဒီဇယ်တစ်လီတာ ၃,၁၉၀ကျပ် ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook