Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက တောင်ကုတ်၊ကင်း​တောင်ရွာကိုဗုံးကြဲ ၊က​လေးငယ်အပါအဝင်ပြည်သူ ၄ဦး​​သေဆုံး ၊ ၁၀ ဦး​ကျော်ဒဏ်ရာရ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ကင်းတောင်ရွာကိုစစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားလေးဦး သေဆုံးခဲ့ကြောင်း ​ဒေသခံအချို့ကပြောသည်။

စစ်​ကောင်စီ ဗုံးကြဲ၍ ​အပျက်အစီးများကို​ တွေ့ရစဥ်။ ဓါတ်ပုံ-Arakan Princess Media

လူအေး/People’s Spring

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ကင်းတောင်ရွာကိုစစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားလေးဦး သေဆုံးခဲ့ကြောင်း ​ဒေသခံအချို့ကပြောသည်။

ယနေ့ (အောက်တိုဘာလ ၄ ရက်)နံနက် ၂ နာရီ ၁၅နစ်ခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးသုံးလုံးကြဲချခြင်းဟု ဒေသခံတဦးကပြောသည်။

“ကင်းတောင်ကို ပစ်မှတ်ထားနေတယ်။ ဒီ‌နေရာမှာ တပ်တော် (AA)မရှိပါ။ ဘာကြောင့် ခဏခဏလာပစ်နေတာလဲ မသိပါ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီဗုံးကြဲမှု​ကြောင့် နေအိမ်အတွင်း အိပ်နေသည့် အသက် ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးအပါအတင် ဒေသခံ​လေးဦးသေဆုံးပြီး ၁၀ဦး​ကျော် ဒဏ်ရာရခဲ့သည်ဟု​ဒေသခံအချို့က​ပြောသည်။

​သေဆုံးခဲ့သူများမှာ ကင်းတောင်ရွာမှ မောင်ဇင်ဟိန်းကို(၉ နှစ်)၊ ဦးမောင်လှတင်(၆၅ နှစ်)၊ ဒေါ်မြရီ(၅၆နှစ်)နန့် ဒေါ်မြကြည်(၇၄နှစ်) တို့ဖြစ်​ကြောင်း​ရခိုင်ပြည်နယ် ​ဒေသတွင်းသတင်းများ​ဖော်ပြ​ပေး​နေ​သော Arakan Princess Media က​ဖော်ပြသည်။ ဒဏ်ရာရသူ များတွင် က​လေးငယ် နှစ်ဦး နှင့် သက်ကြီးရွယ်အို ၇ ဦးအပါအဝင် စုစု​ပေါင်း ၁၃ ဦးဖြစ်​ကြောင်း APM က​ရေးသားထားသည်။

တောင်ကုတ်မြို့နယ်ကို ဇွန်လ ဆန်းမှစ၍ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု ပိုလုပ်နေခြင်းဖြစ်သည်။ဇွန်လ ၁၄ရက်မှ စ၍ တောင်ကုတ်မြို့နယ် နေရာအချို့ကို စစ်ကောင်စီကလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည်။ ဇွန်လ ၁၅ ရက်နေ့လယ် ၁နာရီခန့်ကတောင်ကုတ်မြို့၊ မီးချောင်းထိုး၊ မောင်းကန်နှင့် ကင်းတောင်ကျေးရွာတို့ကိုဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားတစ်ဦးသေဆုံးခဲ့သည်။ဇွန်လ ၁၇ရက်နေ့လယ်က လက်နက်ကြီးပစ်ခတ်မှုတွင် တောင်ကုတ်တက္ကသိုလ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။ဇွန်လ ၁၈ ရက်နံနက် ၁၀နာရီခန့်က တောင်ကုတ်မြို့နယ်၊ကံဆိပ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ရာအသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင်သုံး ဦးသေဆုံးခဲ့သည်။

ထို့အပြင်တောင်ကုတ်မြို့နယ် ရွာမကျေးရွာကို စက်တင်ဘာလ ၂၄ ရက် ည ၉ နာရီက ဗုံးကြဲတိုက်ခိုက်ရာ အသက် ၃၀ ကျော်အရွယ် အမျိုးသားနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ ၂ ရက်နေ့ ညကလည်း တောင်ကုတ်မြို့နယ် ခေါင်းလောင်းတူကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် ​အောက်တိုဘာနံနက်ပိုင်းက တောင်ကုတ်မြို့ကို လေကြောင်းမှ ဗုံးကြဲသလို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကိုလည်း ဗုံးကြဲ၍ ပြည်သူတစ်ဦးဒဏ်ရာရပြီးအ​ဆောက်အအုံများပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

Facebook