သုည/People’s Spring
ရန်ကုန်မြို့ တစ်နေရာတွင် မျိုးဆက်သစ်လူငယ် သပိတ်ကော်မတီ – NGYSCက ဦးဆောင်ကာစစ်ကောင်စီ၏ မတရားစစ်မှုထမ်းခေါ်ယူခြင်း၊ သန်းခေါင်းစာရင်းကောက်ယူမှုအပေါ် ဆန့်ကျင်ကြောင်း ယနေ့ (အောက်တိုဘာ ၅) ညပိုင်း၌ ပြုလုပ်ခဲ့သည်။
တော်လှန်လူငယ်များက စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေဖျက်သိမ်းရေးနှင့် သန်းခေါင်စာရင်းကောက်ယူမှုအပေါ် ကန့်ကွက်သည့်အနေဖြင့် “ဖိရင်ကြွမယ် ထိရင်ချမယ်” ဘန်နာစာသားအား ကိုင်ဆောင်ပြီး စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရန် ကြေငြာထားသော ဗီနိုင်းနှင့် စာရွက်များအား မီးရှို့ဆန္ဒပြခဲ့ကြသည်။
ရန်ကုန်မြို့တွင် စစ်ကောင်စီက လုံခြုံရေးများ တင်းကြပ်စွာလှည့်လည်နေသော်လည်း လူငယ်များက နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်ဆန္ဒပြလျက်ရှိသည််။