Connect with us

Hi, what are you looking for?

သတင်း

မင်းလှတွင် စစ်ကောင်စီတပ်မှ ရိုက်နှက်နှိပ်စက်၍ ပြည်သူတစ်ဦးသေဆုံး

ပဲခူးတိုင်း၊ မင်းလှမြို့တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးရိုက်နှက်နှိပ်စက်၍ ပြည်သူတစ်ဦးအ သက်ဆုံးရှုံးခဲ့ကြောင်း ဒေသခံပြည်သူများက People’s Spring သို့ ပြောသည်။

ထွေအုပ်ရုံးဝင်းအတွင်းစုဝေးရောက်ရှိနေသည့် စစ်ကောင်စီရဲနှင့် စစ်သားများကိုတွေ့ရစဥ်။ (ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ မင်းလှမြို့တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးရိုက်နှက်နှိပ်စက်၍ ပြည်သူတစ်ဦးအ သက်ဆုံးရှုံးခဲ့ကြောင်း ဒေသခံပြည်သူများက People’s Spring သို့ ပြောသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီခန့်က စစ်ကောင်စီထွေအုပ်ရုံးရှေ့၌ ဆိုက္ကားသမားချင်းချင်း စကားများရန်ဖြစ်ကြရာ ထွေအုပ်ရုံးတွင်အစောင့်ချထားသည့် စစ်ကောင်စီတပ်သားများက အချင်းများသူများအနက် ဦးသန်းအောင်ဆိုသူအား ဖမ်းဆီးရိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဦးသန်းအောင်က အရက်နည်းနည်းသောက်တတ်တယ်။ (အချင်းများသူများအနက်မှ)သူ့ကိုပဲဖမ်းတာ။ ဖမ်းတဲ့ စကစတွေကလည်း မူးနေတာ”ဟု မင်းလှမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားများသည် ဦးသန်းအောင်အား ဖမ်းဆီးရိုက်နှက်ပြီးနောက် ထွေအုပ်ရုံးအတွင်းရှိနေသည့် စစ်ကောင်စီဗိုလ် ကြီးအာကာစိုးထံအပ်နှံရာ ၎င်းဗိုလ်ကြီးဆိုသူမှ ဦးသန်းအောင်၏

ခြေထောက်အား ရိုက်ချိုးခြင်း၊ မီးပူဖြင့် ခန္ဓာကိုယ်အားကပ်ခြင်းအပြင် အမျိုးမျိုးနှိပ်စက်သောကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း အထက်ပါဒေသခံက ဆက်ပြောသည်။

ထို့ကြောင့် ဖမ်းဆီးနှိပ်စက်ခံရပြီးနောက်တစ်ရက်ဖြစ်သည့် စက်တင်ဘာလ ၃၀ ရက်နေ့မနက်ပိုင်းတွင် မင်းလှဆေးရုံသို့အလောင်းလာယူရန်စစ်ကောင်စီဘက်မှ မိသားစုထံအကြောင်းကြားခဲ့ပြီး သေဆုံးရသည့်အ ကြောင်းအရင်းကိုမူ သွေးတိုး၍ရုတ်တရက်သေဆုံးရခြင်းဖြစ်ကြောင်း ဖိအားပေးကာ လက်မှတ်ထိုးခိုင်းသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သားများ ရိုက်နှက်နှိပ်စက်၍ သေဆုံးသွားသော ဦးသန်းအောင်သည် မင်းလှမြို့ ဗိုလ်ရုံလမ်းတွင်နေထိုင်ဖြစ်ပြီး အ သက် ၆၀ ခန့်ရှိကာ ၎င်းအားမှီခိုနေသည့်မိသားစုဝင်များလည်းရှိကြောင်း စုံစမ်းသိရသည်။

မင်းလှမြို့နယ်တွင် စစ်ကောင်စီတပ်မှ ပြည်သူများအား အကြောင့်မဲ့ ဖမ်းဆီးရိုက်နှက်နှိပ်စက်မှုများလုပ်ဆောင်လျှက်ရှိရာ ယခုဦးသန်းအောင်ဖြစ်စဥ်အပါအဝင်၂၀၂၂ ခုနှစ်မှ ယခုကာလအထိစစ်ကောင်စီတပ်ရိုက်နှက်နှိပ်စက်၍ အသက်ဆုံးရှုံးရသည့်ပြည်သူ ခြောက်ဦးရှိပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ မဲကနယ်-ဖလူး တောလမ်းပိုင်းမှာ မနေ့( ဖေဖော်ဝါရီ ၂၄ ရက်)နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင်အချို့ သေဆုံးမှု ရှိတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းဘူးနဲ့ အထက်မင်းလှမြို့နယ်ထဲက စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာ စစ်တပ်ထုတ်ကုန်တွေ ရောင်းချနေတဲ့ ပြည်သူတွေကို ထပ်မံရောင်းချသုံးစွဲတာတွေမလုပ်ဖို့ လိုက်လံစည်းရုံးခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် - USBA က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ၊ မြဝတီ-ဝေါ်လေ လမ်းပိုင်းက အင်ကြင်းမြိုင်နဲ့ မင်းလက်ပံကျေးရွာကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်ကနေ ပါဝင်ကူညီတိုက်ခိုက်ပေးတဲ့ BGF/KNA က တပ်ဖွဲ့ဝင် သုံး ဦးထက်မနည်း တိုက်ပွဲကျသွားတယ်လို့ BGF/KNA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။