Connect with us

Hi, what are you looking for?

သတင်း

တောင်ပိုင်းစစ်ဒေသနယ်မြေတွင် စစ်ကောင်စီ လက်ချက်ကြောင့် တစ်ပတ်အတွင်း ပြည်သူ ၂ဦး သေဆုံး၊ ၇ဦးဒဏ်ရာရ

စစ်မှုထမ်းရန်နှင့်ငွေညှစ်ရန် စစ်ကောင်စီ ဖမ်းဆီးသည့် လူငယ် ၈၇ ဦးရှိဟုဆို

စွယ်တော်ကုန်း အမြောက်တပ်စခန်းက ပစ်သည့် လက်နက်ကြီးကျည်ထိ၍ ပျက်စီးသွားသော ဖလူးကြီးကျေးရွာစာသင်ကျောင်းဆောင်။ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ

ဟန်နွေ/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တောင် ပိုင်းစစ်ဒေသနယ်မြေတွင် ပြီးခဲ့သည့် တစ် ပတ်တာအတွင်း စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၂ဦး သေဆုံးကာ ကလေးငယ် ၄ဦး အပါအဝင် ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ အကြမ်းဖက်မှုဖြစ်စဉ် အသေးစိတ်နှင့် ဖြစ်ပွားရာဒေသကို ဖော်ပြထားခြင်းမရှိသော်လည်း ကရင်၊ မွန်၊ ပဲခူး နယ်မြေများ ပါဝင်သည့် တောင်ပိုင်းစစ်ဒေသ အနေဖြင့် ကရင်ပြည်နယ် မြ၀တီမြို့နယ် စွယ်တောင်ကုန်း အမြောက်တပ်စခန်းက ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မြ၀တီမြို့နယ် ဖလူးကြီးရွာ စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့မှု မှတ်တမ်းဓာတ်ပုံကို သတင်းထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

ဖလူးကြီးရွာ တိုက်ခိုက်ခံရမှုတွင် အမျိုးသမီး တစ်ဦး အပါအဝင် ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် (၆) အတွက် လူငယ်များကို အကြောင်းအမျိုးမျိုးဖြင့်ဖမ်းဆီးခြင်းနှင့် ခြိမ်းခြောက်ငွေညှစ်ရန် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထိုသို့ ဖမ်းဆီးခံရသူ ၈၇ ဦး ရှိသည်ဟုလည်း အသိပေးသည်။

စစ်ကောင်စီတပ်သည် စစ်သားအင်အားဖြည့်တင်းရန် ရည်ရွယ်ချက်ဖြင့် လမ်းသွားလမ်းလာများကိုသာမက၊ စက်ရုံအလုပ်သမားများ၊ လက်ဖက်ရည်ဆိုင်ထိုင်နေသည့် လူငယ်များကိုပါ ဖမ်းဆီးခေါ်ဆောင်နေပြီး စစ်မှုထမ်းစာရင်းပါသည့် လူငယ် မရှိပါကလည်း များပြားသည့်ငွေပမာဏတောင်းခြင်းတို့ကို နေရာအများစုတွင် ပြုလုပ်နေသည်ဟု ထုတ်ပြန်သည်။

ထို့အပြင် ရေကြီးမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရောက်နေရသူများကိုပါ သန်းခေါင်စာရင်းကောက်ယူရန်အကြောင်းပြချက်ဖြင့် အတင်းအဓမ္မ နေရပ်ပြန်စေပြီး အိမ်ထောင်စုစာရင်းကောက်ခံခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြသည်။

ယခု ထုတ်ပြန်သည့် အချက်အလက်များသည် တောင်ပိုင်းစစ်ဒေသ၏ ရရှိထားသောအချက်အလက်များကိုသာ အခြေခံထားခြင်းဖြစ်ပြီး လက်တွေ့မြေပြင်တွင် ဖမ်းဆီးခံရသူ သေဆုံးထိခိုက်သူ အရေအတွက် ပိုများနိုင်သည်ဟုလည်း အသိပေးထားသည်။

တောင်ပိုင်းစစ်ဒေသ၏ ယခင်သတင်းထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် တစ်ပတ်အတွင်း ပဲခူးတိုင်း အုတ်ဖိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ခဲ့ပြီး ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ် အထိနာခဲ့သည်။ အောက်တိုဘာ ၃ရက်က အုတ်ဖိုမြို့နယ် ဂမုန်းဆည်ပေါ်သို့ တက်လာသည့် စစ်ကောင်စီ၏ အင်အား ၄၀ ပါ စစ်ကြောင်းကို ယင်းနေ့ မနက်တွင် တောင်ပိုင်း စစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲ တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄) ရဲဘော်များက တိုက်ခိုက်ခဲ့ရာ ၁၂ဦး သေဆုံးခဲ့ပြီး လက်နက် ကြီး၊ လက်နက်ငယ် စုစုပေါင်း ၄လက်နှင့် ကျည်ခဲယမ်းများ ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook