Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင်စစ်ကောင်စီလက်နက်ကြီးပစ်ခတ်၍ ပြည်သူတစ်ဦးသေဆုံး

ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်အတွင်းသို့ စစ်ကောင်စီက ယနေ့(အောက်တိုဘာလ ၇ရက်) နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ​ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ဆိုင်း​တောင်ရွာတွင်းတစ်​နေရာကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ရွှေပြည်စိုး/People’s Spring

ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်အတွင်းသို့ စစ်ကောင်စီက ယနေ့(အောက်တိုဘာလ ၇ရက်) နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ​ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

“စစ်တပ်ကုန်းက လှမ်းပစ်တာ။ မိသားစုကဖေးရှေ့လမ်းကို ကျတာ။ လက်ဖက်ရည်သောက်နေတဲ့အမျိုးသမီးတစ်ဦးထိပြီးသေဆုံးသွားပါတယ်။ကျ​နော်တို့တွေဆို ဘယ်လိုနေလို့ နေရမှန်းမသိဘူး” ဟုဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ဖားကန့်မြို့ ရဲတပ်ရင်းမှနေ၍ ယမန်နေ့(အောက်တိုဘာလ ၆ရက်) ည ၈နာရီခန့်ကတည်းက လက်နက်ကြီးများပစ်ခတ်‌နေခြင်းဟု ဒေသခံများကပြောသည်။

ဖားကန့်မြို့၊ ဆိုင်းတောင်ရွာတွင် စက်တင်ဘာ ၇ ရက်ကတည်းက စတင်ဖြစ်ပွားသောတိုက်ပွဲသည် အောက်တိုဘာလဆန်းတွင် ရပ်တန့်နေကြောင်း သတင်းရရှိသည်။ ဆိုင်းတောင်ရွာအတွင်းရှိ Lucky Man ဟိုတယ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် KPDF များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဟိုတယ်တွင် ဖမ်းဆီးခံထားရ​သော ဟိုတယ်ဝန်ထမ်းများပြန်လည်လွတ်​မြောက်လာ​သော်လည်း စစ်​ကောင်စီတပ်မှာ ဟိုတယ်၌ တပ်စွဲထားဆဲဖြစ်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

“ရွာကို စစ်တပ်က လေကြောင်းပစ်လို့ တော်တော်လေး ထိသွားတယ်။ အခုရက်ပိုင်းမှာ Lucky Man ဟိုတယ်ကနေ စစ်ကောင်စီပြန်ထွက်မယ်ကြားနေရတယ်။ ဘာကြောင့်လဲတော့ မသိဘူး တိုက်ပွဲက ရပ်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ဆိုင်းတောင်ရွာအတွင်းမှ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို အပြီးသတ်တိုက်ခိုက်မည်ဖြစ်၍ ဒေသခံများအ‌နေဖြင့် လုံခြုံရေးအခြေ

အနေအရ ဘေးလွတ်ရာသို့ ယာယီထွက်ခွာပေးထားရန် KIA ကသတိပေးထားကြောင်းလည်း ဒေသခံအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။