Connect with us

Hi, what are you looking for?

သတင်း

ဒေါက်တာဇော်မြင့်မောင် မျှော်မှန်းခဲ့သည့်အတိုင်း ပြည်သူ့နွေဦးတော်လှန်ရေးကို အမြန်ဆုံးပြီးမြောက် အောင်မြင်သည်အထိ မမှိတ်မသုန် ဆောင်ရွက်မည်ဟု NUG ကတိပြု

စစ်ကောင်စီသည် ကင်ဆာရောဂါခံစားနေမှန်း သိလျက်နှင့် ရောဂါအခြေအနေနှင့် ကိုက်ညီသော လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ မပေးခဲ့ဟု NUG ထုတ်ပြန်

ထားအိ၊ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရသည် ဒေါက်တာဇော်မြင့်မောင် မျှော်မှန်းခဲ့သည့်အတိုင်း ပြည်သူ့နွေဦးတော်လှန်ရေးကို အမြန်ဆုံးပြီးမြောက် အောင်မြင်သည်အထိ မမှိတ်မသုန် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ကတိသစ္စာပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၇ရက်) နံနက်အစောပိုင်းတွင် အသက် (၇၃)နှစ်အရွယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဌ-၂၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်အနိစ္စရောက်ရှိသွားကြောင်း ကြားသိရသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရေစီအင်အားစုများနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကလည်း ကျန်ရစ်သူမိသားစုနှင့်ထပ်တူထပ်မျှ စိတ်ထိခိုက်ဝမ်းနည်းရကြောင်း အလေးအနက် ဖော်ပြသည်။

ဒေါက်တာဇော်မြင့်မောင်သည် ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတွင် ပြည်သူနှင့်အတူ၊ အခြားသောဒီမိုကရေစီအင်အားစုများနှင့်အတူ စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းတည်ထောင်သည့်ကာလမှစ၍ ကွယ်လွန်ချိန်အထိ ဒီမိုကရေစီရေးလှုပ်ရှားမှု ခရီးလမ်းတလျောက် တစိုက်မတ်မတ်ဖြင့် ဦးဆောင်ပါဝင်ခဲ့မှုကြောင့် စစ်အာဏာရှင်အဆက်ဆက်၏ ဖမ်းဆီးအကျဉ်းချခြင်းကို ခံခဲ့ရကြောင်း NUG က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဒေါက်တာဇော်မြင့်မောင်သည် ၂၀၂၁ခုနှစ် အာဏာသိမ်း ဖြစ်စဉ်တွင်လည်း မတရားသည့် ပုဒ်မအမျိုးမျိုးတပ်၍ နှစ်ရှည်ထောင်ဒဏ်(၂၉)နှစ်အထိ ချမှတ်ခြင်းခံခဲ့ရပြီး ကင်ဆာရောဂါခံစားနေမှန်း သိလျက်နှင့် ရောဂါအခြေအနေနှင့် ကိုက်ညီသော လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုများမရရှိကြောင်း ဖော်ပြသည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှ စပြီး (၄)ကြိမ်တိုင်တိုင် အနိုင်ရရှိခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်ကောင်းတစ်ဦးဖြစ်ရုံသာမက ရွေးကောက်ပွဲ အောင်နိုင်ရေး ခရီးစဉ်များ၊ စည်းရုံးရေးခရီးစဉ်များကိုလည်း အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ သက်စွန့်ဆံဖျား လိုက်ပါ ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဆုံးအစိုးရသက်တမ်း(၂၀၁၆-၂၀၂၁) အတွင်း မန္တလေးတိုင်းအစိုးရအဖွဲ့၏ တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင်လည်း အများပြည်သူက အပ်နှင်းထားသည့် အခွင့်အာဏာများကို ဒီမိုကရေစီကျင့်ဝတ်များနှင့်အညီ မန္တလေးတိုင်းနှင့် မန္တလေးမြို့တော်နေ ပြည်သူတစ်ယောက်ချင်း၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတာဝန်များကို နေ့မအား ညမနား တစိုက်မတ်မတ် ဖြင့် တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့သည့် ပြည်သူ့ကိုယ်စားပြု ဝန်ကြီးချုပ် ကောင်းတစ်ဦးလည်း ဖြစ်ခဲ့ကြောင်း NUG က ဖော်ပြသည်။

ဒေါက်တာဇော်မြင့်မောင်၏ တိုင်းပြည်နှင့်လူမျိုးအပေါ်ချစ်ခင်မြတ်နိုးမှု၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်သူများအပေါ်သစ္စာရှိမှု၊ ရိုးသားဖြောင့်မတ်၍ ဒီမိုကရေစီရရှိရေးအတွက် စွန့်လွှတ် အနစ်နာခံမှုတို့သည် ကျွန်ုပ်တို့မြန်မာပြည်သူများအားလုံး၏ ရင်ထဲတွင် အတုယူစရာ၊ မော်ကွန်းတင် စရာ နိုင်ငံရေးသမားကောင်းတစ်ဦးအဖြစ် ကမ္ဘာတည်သရွေ့တည်ရှိနေမည်ဖြစ်ပြီး အမျိုးသားညီညွတ် ရေးအစိုးရအနေဖြင့် အစဉ်အမြဲ အောက်မေ့သတိရလျက် လေးစားဦးညွတ်ကြောင်း NUG သဝဏ်လွှာ ပေးပို့သည်။

ထို့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က လည်း အကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိ၍ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင် ကျဆုံးခဲ့ရခြင်းဟု အသိပေးထုတ်ပြန်သည်။

သွေးကင်ဆာဝေဒနာသည် အသက်(၇၃)နှစ် အရွယ် ဒေါက်တာဇော်မြင့်မောင်သည် အကျဉ်းထောင်အတွင်း ကျန်းမာရေးဆိုးရွာလာခဲ့ပြီးနောက် ယနေ့ (အောက်တိုဘာ၇)ရက်) နံနက် ၃ နာရီခန့်တွင် ကျဆုံးခဲ့ရသည်။

စစ်ကောင်စီသည် ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးအခြေအနေဆိုးရွားလာမှ ယမန်နေ့ (အောက်တိုဘာ ၆ရက်)တွင် လွတ် ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့သည်။

စစ်ကောင်စီနှင့် အကျဉ်းဦးစီးဌာနအနေဖြင့် ဒေါက်တာဇော်မြင့်မောင် အကျဉ်းထောင်အတွင်းဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ ကွယ်လွန်ခဲ့သည်ဟူသည့် သတင်းစကားများ မြန်မာပြည်သူများနှင့် ကမ္ဘာပြည်သူများထံ ပျံ့နှံ့သွားမည်ကို ကြိုတင်ကာကွယ်ရန် အတွက် သာ လွတ်ငြိမ်းသက်သာခွင့်ကို မကွယ်လွန်ခင်အချိန်အတွင်း လာရောက်ဖတ်ကြားခြင်းကြောင်း PPNMက ထုတ်ပြန်သည်။

ထောင်အတွင်း ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်နေထိုင်ရေး အပြည့်အဝမရခြင်း၊ သောက်သုံးရေများတွင် ခဲဓာတ်ပါဝင်မှုများပြားခြင်း၊ထောင်တွင်း ဆေးဝါးမလုံလောက်ခြင်းနှင့် အရေးပေါ်ဆေးဝါးကုသရမည့် နိုင်ငံရေးအကျဉ်းသားများကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ထောင်ပြင်ပဆေးရုံသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးခြင်းမရှိသောကြောင့် ဒေါက်တာဇော်မြင့်မောင်အပါအဝင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများ မကျဆုံးသင့်ဘဲ ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း PPNMက အသိပေးသည်။

“ကျွန်တော်တို့ရဲဘော်တွေဟာ အကျဥ်းထောင်ထဲမှာ ကျဆုံးသွားကြရပြီ။ နောက်လူတွေထပ်မဖြစ်ဖို့ ကျွန်တော်တို့ကြိုးစားဖို့လိုအပ်တယ်။ အဲဒီအတွက် ICRC အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့၊ ကုလသမဂ္ဂအဖွဲ့အနေနဲ့ စစ်ကောင်စီနဲ့အကျဥ်းဦးစီးဌာနကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ၊ ဖိအားပေးမှုတွေ ပြုလုပ်ပေးပါ။ နိုင်ငံရေးအကျဥ်းသားများ ချွင်းချက်မရှိ လွတ်မြောက်ရေးကို ဒီ့ထက်ပိုပြီးလက်တွေ့ကျတဲ့ ဖော်ဆောင်မှုတွေကို လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ်။”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုဥက္ကဋ္ဌ၊ မန္တ​လေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ရည်စူးသည့် ရက်လည်အလှူကို ယနေ့ အောက်တိုဘာ ၁၃ရက် တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်း၌ ကျင်းပခဲ့ကြောင်း ABSDFက ထုတ်ပြန်သည်။

ဆောင်းပါး

မြန်မာ့ဒီမိုကရေစီအရေးအတွက် စစ်အာဏာရှင်စနစ်ကို ဖီဆန်ကာ အရှည်ကြာဆုံးအကျဥ်းကျခံရသူများတွင် တစ်ဦးပါဝင်သည့် ဒေါက်တာဇော်မြင့်မောင်သည် နောက်ဆုံးထွက်သက်အထိ စစ်အာဏာရှင်ကို ဦးမညွှတ်ခဲ့​ပေ။ ထို​ကြောင့်ပြည်သူများက ​ဒေါက်တာ​ဇော်မြင့်​မောင်ကို မြန်မာ့ဒီမိုက​ရေစီအ​ရေးအတွက်တာဝန်​ကျေသူဟု နှလုံးသားဝယ်ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြသည်။

ဆောင်းပါး

သီတင်းကျွတ်လဆန်းရက်ပေမယ့် မန္တလေးမြို့ရဲ့ မနက်ခင်းဟာ နွေရာသီလိုပဲ ပူလောင်နေတယ်။ ချွေးပြိုက်ပြိုက်ကျရတဲ့ မနက်ခင်းမှာပဲ ထောင်ချီများပြားလှတဲ့ ဆိုင်ကယ်တွေဟာ မန္တလေးမြို့ထဲကနေ အုပ်လိုက်ကြီး ထွက်လာခဲ့ကြတယ်။

သတင်း

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ နာရေးအပြန်ဆိုင်ကယ်များအား စစ်အု​ပ်စုက စောင့်ဆိုင်းဖမ်းဆီးခဲ့ကြောင်း အဆိုပါမာရေးလိုက်ပါပို့ဆောင်သော မြို့ခံများက ပြောသည်။