Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့တွင် စစ်အုပ်စုက မြို့ပေါ်နေအိမ်များအနုကြမ်းစီးလုယူနေဟု ဒေသခံများပြော

မကွေးတိုင်း၊ ရေစကြိုမြို့တွင် စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများက မြို့ပေါ် နေအိမ် များအား ဝင်ရောက်အနုကြမ်းစီးပြီး နေအိမ် နှစ်လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီလက ရေစကြိုမြို့ပေါ်တွင် အေးချမ်းစွာ ဆန္ဒပြနေသူများအား အကြမ်းဖက်ဖြိုခွင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-CJ

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့တွင် စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများက မြို့ပေါ် နေအိမ် များအား ဝင်ရောက်အနုကြမ်းစီးပြီး နေအိမ် နှစ်လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၅ရက် နံနက် ၆နာရီခန့်က ရေစကြိုမြို့၊ အမှတ် (၈)၊ စိတ္တသုခရပ်ရှိ ဒေါ်သန်းအေး ဆိုသူ၏နေအိမ်ကို စစ်ကောင်စီတပ်သားနှင့် ၎င်းတို့လက်အောက်ခံ ပျူစောထီးများ ဓားပြတိုက်သွားရာ ရွှေထည်နှင့်အဖိုးတန်ပစ္စည်းများ ပါသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ယင်းနေ့ နေ့လယ် ၂ နာရီခွဲခန့်ကလည်း အမှတ် (၁)၊ ထင်းတန်းရပ်ရှိ နေအိမ် နှစ်လုံးအား စစ်ကောင်စီတပ်က ဝင်ရောက်ပြီး အိမ်တွင်းအဖိုးတန် ပစ္စည်းများကို ယူဆောင်ကာ နေအိမ်နှစ်လုံးကို မီးရှို.ဖျက်ဆီးသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီ၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“မီးက တခြားမကူးပါဘူး။ အိမ်ရှင်တွေက တိမ်းရှောင်နေကြရတယ်။ အဖမ်းမခံရပါဘူး။”ဟု အထက်ပါအဖွဲ့ဝင်က ပြောသည်။

ထို့အပြင် အနီးရှိ နေအိမ် သုံးလုံးကို ဝင်ရောက် မွှေနှောက်ကာ ရွှေထည်၊ လက်ဝတ်ရတနာများ ယူဆောင်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း ရေစကြိုမြို့ပေါ် အမှတ်(၇)ရပ်ကွက်နေ အငြိမ်းစားကျောင်းဆရာ ဆရာမဇနီးမောင်နှံနေအိမ် အနုကြမ်းစီးခံရကာ နှစ်ဦးလုံး သတ်ဖြတ်ခံခဲ့ရသေးသည်။

စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းနေသော ရေစကြိုမြို့နယ်တွင် မြို့ပေါ်ရှိ စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များအားဝင်ရောက်ဖောက်ထွင်းခိုးယူခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။