Connect with us

Hi, what are you looking for?

သတင်း

တောင်ကုတ်မြို့ကို စစ်ကောင်စီ လေကြောင်းထပ်မံ တိုက်ခိုက်၊ အရပ်သား ၁၅ဦးထက်မနည်း သေဆုံး

ရက္ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် တန်းလွဲရွာမဈေးအနီးကို ယမန်နေ့( အောက်တိုဘာ ၇ရက်)ည ၁၁နာရီခန့်က စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်ရာ အရပ်သား ၁၅ဦထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း သတင်းရရှိသည်။

တောင်ကုတ်မြို့နယ်၊ ကင်းထောင်ကျေးရွာကိုအောက်တိုဘာ ၄ရက်က လေကြောင်းတိုက်ခိုက်ခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

လူအေး/People’s Spring

ရက္ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် တန်းလွဲရွာမဈေးအနီးကို ယမန်နေ့( အောက်တိုဘာ ၇ရက်)ည ၁၁နာရီခန့်က စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်ရာ အရပ်သား ၁၅ဦထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း သတင်းရရှိသည်။

ကျတော်တို့ သိထားသလောက် ၁၅ဦးမကပါဘူး သေဆုံးတာ။ အရေအတွက်တိုးလာနိုင်ပါတယ်” ဟု တောင်ကုတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူများတွင် ကလေးငယ်နှင့်အမျိုးသမီးများလည်းပါဝင်ပြီး ဒဏ်ရာရသူများ၏ အခြေအနေမှာလည်း စိုးရိမ်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် အောက်တိုဘာ ၄ရက်ကလည်း တောင်ကုတ်မြို့နယ်၊ ကင်းထောင်ကျေးရွာကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံခုနစ်ဦးသေဆုံးခဲ့သည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက် မှုများဆက်တိုက်ပြုလုပ်နေသည့်စစ်ကောင်စီကို ဟန့်တားအရေးယူပေးရန် ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်များက တောင်းဆိုနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။