Connect with us

Hi, what are you looking for?

သတင်း

စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မရရှိချိန်အထိ စစ်ကောင်စီက ရွေးကောက်ပွဲများ မကျင်းပသင့်ဘူးလို့ အမေရိကန်တိုက်တွန်း

စစ်ကောင်စီကို ဆက်လက်ဖိအားပေးရေး ဒေသတွင်းမိတ်ဖက်တွေနဲ့ အလေးထားဆွေးနွေးမယ်လို့ဆို

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး Kritenbrink

အီယိုရီ/People’s Spring

တိုင်းပြည်အတွင်း စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မရရှိချိန်အထိ စစ်ကောင်စီက ရွေးကောက်ပွဲများ မကျင်းပသင့်ဘူးလို့ အမေရိကန်က တိုက်တွန်းပါတယ်။

ရွေးကောက်ပွဲများကျင်းပဖို့ စစ်ကောင်စီရဲ့ အစီအစဥ်တွေနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက အလွန်စိုးရိမ်နေဆဲဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး Kritenbrink က ပြောပါတယ်။

“အလောတကြီးရွေးကောက်ပွဲတွေက ကိုယ်စားပြုမှုနဲ့ အားလုံးပါဝင်မှု မဖြစ်မှာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်။ နောက်ပြီး အကြမ်းဖက်မှုတွေ ပိုဖြစ်စေပြီး လက်ရှိပဋိပက္ခတွေ ရှည်ကြာသွားနိုင်ပါတယ်” လို့ Kritenbrink က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီသီတင်းပတ်မှာ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ အာဆီယံထိပ်သီးညီလာခံကျင်းပမှာဖြစ်ပြီး ညီလာခံကို အမေရိကန်ပြည်ထောင်စုကိုယ်စား နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ဦးဆောင်တက်ရောက်မှာဖြစ်ပါတယ်။

အာဆီယံထိပ်သီးညီလာခံကို ဒီနေ့(အောက်တိုဘာ ၉ရက်)စတင်မှာဖြစ်ပြီး ညီလာခံကာလအတွင်း အမေရိကန်က မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ၊ တောင်တရုတ်ပင်လယ်အရေးနဲ့ ယူကရိန်းစစ်ပွဲအကြောင်းတွေကို ဆွေးနွေးဖို့ရှိတယ်လို့ အရှေ့အာရှဆိုင်ရာ အမေရိကန်ထိပ်တန်းသံတမန်က ပြောပါတယ်။

“နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ စစ်ကောင်စီိကို ဆက်လက်ဖိအားပေးရမယ်ဆိုတာကို ဒေသတွင်းက မိတ်ဖက်တွေကို ဆက်လက်အလေးထားဆွေးနွေးမှာပါ” လို့ အမေရိကန်ထိပ်တန်းသံတမန်က ဆိုပါတယ်။

ဒါပေမဲ့ အကြမ်းဖက်မှုလျှော့ချဖို့၊ နိုင်ငံရေးအကျဥ်းသားတွေ ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရက်တစ်အတိုက်အခံတွေနဲ့ထိတွေ့ဆက်ဆံဖို့ စစ်ကောင်စီကို ဖိအားပေးတဲ့ ကြိုးပမ်းမှုတွေဟာ တိုးတက်မှုမရှိဘူးလို့ သူက ဆက်ပြောပါတယ်။

ကိုးကား – ရိုက်တာ

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook