Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး ဖြေရှင်းမှုမှာ ချဉ်းကပ်မှု ပုံစံသစ်ကို စဉ်းစားဖို့ အာဆီယံကို ထိုင်းအဆိုပြု

အာဆီယံ ထိပ်သီး အစည်းအဝေးကို လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့မှာ စတင် ကျင်းပနေတဲ့နောက် ထိုင်းနိုင်ငံဟာ မြန်မာ့ ပြည်တွင်းပဋိပက္ခကို ဖြေရှင်းဖို့ ချဉ်းကပ်မှု ပုံစံသစ် တစ်ခုကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

အာဆီယံထိပ်သီးအစည်းအ​ဝေးတွင် ထိုင်းဝန်ကြီးချုပ်နှင့် စင်ကာပူဝန်ကြီးချုပ်တို့ကို​ တွေ့ရစဥ်။ ဓါတ်ပုံ-AP

အာဆီယံ ထိပ်သီး အစည်းအဝေးကို လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့မှာ စတင် ကျင်းပနေတဲ့နောက် ထိုင်းနိုင်ငံဟာ မြန်မာ့ ပြည်တွင်းပဋိပက္ခကို ဖြေရှင်းဖို့ ချဉ်းကပ်မှု ပုံစံသစ် တစ်ခုကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ရုန်းကန်နေရသလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ဆုတ်ယုတ်ကျဆင်းမှုတွေကို ရင်ဆိုင်နေရပါတယ်။

အာဆီယံဟာ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းမှာ ကတည်းက မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို သံတမန်ရေး နည်းလမ်းတွေနဲ့ အဖြေရှာ ရှင်းလင်းနိုင်ဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ နှစ်အလိုက် အာဆီယံ ထိပ်သီး ညီလာခံတွေမှာ မြန်မာ့ ပြည်တွင်း ပဋိပက္ခဟာ အဓိက ဆွေးနွေးမှု ခေါင်းစဉ်တစ်ခု ဖြစ်ခဲ့ပေမယ့် ထိရောက်တဲ့ ရလဒ်တွေတော့ ဘယ်တုန်းကမှ မထွက်ပေါ်ခဲ့ပါဘူး။

အခုညီလာခံမှာတော့ ထိုင်းအစိုးရဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အိမ်ရှင်နိုင်ငံ လာအိုနိုင်ငံကို ဒီဇင်ဘာလကျရင် အဖွဲ့ဝင် ၁၀ နိုင်ငံစလုံး ပါဝင်တဲ့ အလွတ်သဘော တိုင်ပင် ဆွေးနွေးမှုတစ်ခု ဦးစီးပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နစ်ခွန်ဒက်ဂျ် ဘာလန်ကူရာက မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို နိုင်ငံရေး နည်းလမ်းတွေနဲ့ အဖြေရှာတာမျိုးကို မြင်တွေ့လိုတယ်လို့ ပြောပါတယ်။ သူက ထိုင်းအစိုးရဟာ မြန်မာနိုင်ငံရေး ငြိမ်းချမ်းရေးကို ပြန်လည် ဆောင်ကြဉ်းပေးနိုင်ရေးအတွက် အာဆီယံ အဖွဲ့ဝင် နိုင်ငံအားလုံးနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ အသင့်ဖြစ်နေတယ်လို့လည်း ဆက်ပြောသွားပါတယ်။

မြန်မာ့အရေးကို ဖြေရှင်းဖို့ အာဆီယံရဲ့ အဆိုပြု မူဝါဒဖြစ်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ရုန်းကန်နေရတဲ့အပေါ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေးခဲ့ကြတဲ့နောက် ထိုင်းက အခုလို ချဉ်းကပ်မှု ပုံစံသစ်ကို အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

ထိုင်းဟာ မြန်မာ့အရေးကို ကူညီဖြေရှင်းရာမှာ အိန္ဒိယနဲ့ တရုတ်တို့လို ဒေသတွင်း အင်အားကြီး နိုင်ငံတွေကလည်း ပူးပေါင်း ပါဝင်သင့်တယ်လို့ မှတ်ချက် ပေးခဲ့ဖူးပေမယ့်လည်း အခုနောက်ဆုံး အဆိုပြုချက်ကတော့ အာဆီယံကိုပဲ ဗဟိုပြုထားတာ ဖြစ်ပါတယ်။ တကယ်လို့ ထိုင်းအဆိုပြုတဲ့အတိုင်း အလွတ်သဘော ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့မယ်ဆိုရင် အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို တက်ရောက်ခွင့် ပေးမလား ဆိုတာကိုတော့ အာဆီယံ ဥက္ကဋ္ဌ လာအိုကိုယ်တိုင် ဆုံးဖြတ်ဖို့ ထိုင်းက ပန်ကြားထားပါတယ်။

ဒါ့အပြင် မြန်မာကို ကိုယ်စားပြုပြီး တက်ရောက်မယ့် အစုအဖွဲ့ဟာ အာဏာသိမ်း စစ်တပ် ဖြစ်သင့်သလား၊ ဒါမှမဟုတ် အတိုက်အခံ တော်လှန်ရေး အင်အားစုတွေ ဖြစ်သင့်သလား ဆိုတာကိုလည်း လာအိုနဲ့ တခြား အဖွဲ့ဝင် နိုင်ငံတွေကြား စုပေါင်းညှိနှိုင်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ညီလာခံ အဖွင့်မိန့်ခွန်းမှာတော့ လာအို ဝန်ကြီးချုပ် ဆွန်နက်ဆီ ဆစ်ဖန်ဒွန်က မြန်မာ့အရေး အပါအဝင် အာဆီယံ ကိုင်တွယ်ရမယ့် ကိစ္စတွေမှာ အဖွဲ့ဝင် နိုင်ငံတွေကြား ပိုမို ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်နေတယ်လို့ ဝန်ခံ ပြောကြားသွားပါတယ်။

မြန်မာ့အရေး ကူညီဖြေရှင်းဖို့ အာဆီယံက အဆိုပြုထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အာဏာသိမ်း မြန်မာစစ်တပ်က လက်တွေ့ အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကို တုံ့ပြန်တဲ့ အနေနဲ့ အာဆီယံဟာ စစ်တပ်က စေလွှတ်တဲ့ ကိုယ်စားလှယ်တွေကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့် မပေးဘဲ သုံးနှစ်လောက် ပိတ်ပင်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဗီယန်ကျန်းမှာ ကျင်းပမယ့် အခုသီတင်းပတ် ညီလာခံမှာတော့ အဲဒီနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ်မြန်မာစစ်တပ်ရဲ့ကိုယ်စားလှယ်ကို တက်ရောက်ခွင့် ပြုသွားမှာ ဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းစစ်မှာ ဆက်တိုက် အခြေမလှမှုတွေ ကြုံနေပြီး ယိမ်းယိုင်လာတဲ့ မြန်မာစစ်တပ်က ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်လျော လက်ခံဖို့ စဉ်းစားလာတဲ့ အရိပ်အယောင်မျိုး ဖြစ်နိုင်ကြောင်း အရှေ့တောင်အာရှ သံတမန် အသိုက်အဝန်းမှာ သုံးသပ်မှုတွေ ရှိနေပါတယ်။

ကိုးကား -Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် မြန်မာ့အရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း အင်ဒိုနိုင်ငံခြားရေး ပြောခွင့်ရက ပြောသည်။

သတင်း

မြန်မာ့အရေးနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်း၏ တု့န်ပြန်ဆောင်ရွက်မှုတွင် ‘ချဥ်းကပ်ပုံပြောင်းလဲပြင်ဆင်မှု’ အရေးပေါ်လိုအပ်နေကြောင်းလည်း ကျွမ်းကျင်သူများက ထောက်ပြကြသည်။

ဘာသာပြန်

မြန်မာ့ နွေဦးတော်လှန်ရေးက အရှိန်ရလာပြီး စစ်မြေပြင် အနေအထားမှာ အရွေ့တချို့ ရှိလာတဲ့အခါ တရုတ်ရဲ့ ရပ်တည်မှုကလည်း ဆင့်ကဲ ပြောင်းလဲလာခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားရှိ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(MFDMC)ဥက္ကဌ ဦးဇော်မိုးအောင်၊ CDM ဗိုလ်ကြီး လင်းထက်အောင် နှင့် MFDMC တာ၀န်ခံများလည်းအတူတက်ရောက်ခဲ့ကြောင်း သိရသည်။