Connect with us

Hi, what are you looking for?

သတင်း

မှော်ဘီလေတပ်ကို ရှော့တိုက်ဒုန်းနှစ်လုံးဖြင့်ပစ်ခတ်တိုက်ခိုက်

ဒေါက်တာဇော်မြင့်မောင် နှင့် မတရားဖမ်း‌‌ဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားရဲဘော်များအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ရန်ကုန်မြို့ရှိ စစ်ကောင်စီလက်အောက်ခံမှော်ဘီလေတပ်ကို ရှော့တိုက်ဒုန်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Civilian Military -SRDF အထူးစစ်ဆင်ရေးစစ်ကြောင်း မှတာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

(မှော်ဘီ​လေတပ်ကို Google Map တွင်​တွေ့ရပုံ

သတိုး / People’s Spring

ဒေါက်တာဇော်မြင့်မောင် နှင့် မတရားဖမ်း‌‌ဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားရဲဘော်များအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ရန်ကုန်မြို့ရှိ စစ်ကောင်စီလက်အောက်ခံမှော်ဘီလေတပ်ကို ရှော့တိုက်ဒုန်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Civilian Military -SRDF အထူးစစ်ဆင်ရေးစစ်ကြောင်း မှတာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

“လေတပ် အရှေ့မြောက်စည်းရိုးတစ်လုံးကျတယ် K8W Training Jetတွေပြုပြင်ထိန်းသိမ်းတဲ့ဂိုထောင်ထိတယ်လို့ကနဦးသိရပါတယ်” ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

​​လေတပ်ထိခိုက်မှုအ​ခြေအ​နေကို လူထု​နွေဦးကသီးခြားအတည်မပြုနိုင်ပါ။

အောက်တိုဘာ ၉ရက် ည ၇ နာရီအချိန်ခန့်တွင် Civilian Military -SRDF အထူးစစ်ဆင်ရေး စစ်ကြောင်း နှင့် ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းတို့ပူးပေါင်း၍ မှော်ဘီလေတပ်ကို Type 63 ရှော့တိုက်ဒုန်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“၆၀မမ ကောင်တာ တချက်ပြန်တယ် ရဲဘော်တွေကိုမထိခဲ့ပါဘူး။ဘေးကင်းကြပါတယ်။” ဟု ၎င်းကဆက်ပြောသည်။

အဆိုပါမစ်ရှင်ကို အကျဉ်းထောင်အတွင်းမှ မတရားဖမ်းဆီးခံထားရသူများနှင့် အတူရှိနေကြောင်းပြသသည့်အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့အနေဖြင့် ဖိနှပ်ခံပြည်သူနှင့်အတူ စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းသည်အထိတိုက်ပွဲဝင်မည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီး တနေရာ ဒီနေ့ မေလ ၂၄ရက် ညနေပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး ပြင်းထန်တဲ့ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်တပ်ရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF)က အသိပေးထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် တနေရာကို မတ်လ ၁၈ရက် ညနက်ပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး စစ်ရေးအခြေနေကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။