Connect with us

Hi, what are you looking for?

သတင်း

သန်းခေါင်စာရင်းကောက်ရန် လုပ်ဆောင်နေသည့် မြောက်ဥက္ကလာပမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်

စစ်ကောင်စီ၏ သန်းခေါင်စာရင်းအတွက် ကူညီလုပ်ဆောင်နေသည့် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကာလပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၂)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

တိုက်ခိုက်ခဲ့သည့်လက်ပစ်ဗုံးအား တွေ့ရစဉ်။ ဓာတ်ပုံ - Yangon UG People Army

သတိုး/People’s Spring

စစ်ကောင်စီ၏ သန်းခေါင်စာရင်းအတွက် ကူညီလုပ်ဆောင်နေသည့် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကာလပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၂)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

“ အဲဒီရပ်ကွက်က သန်းခေါင်စာရင်းအတွက် တော်တော်ဆိုးနေလို့ ပြည်သူတိုင်တန်းချက်အရလုပ်တာပါ” ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးကို အောက်တိုဘာ ၁၁ရက် ည ၈နာရီ ခွဲတွင် ရုံးအတွင်းလက်ပစ်ဗုံးပစ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Yangon UG People Army အဖွဲ့နှင့်ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

” ရုံးထဲမှာ စခ၊ ရခ အုပ်ချုပ်ရေးအဖွဲ့တွေ အကုန်ရှိနေချိန် လက်ပစ်ဗုံးနှစ်လုံးစလုံး တပြိုင်တည်းပစ်သွင်းတာ နှစ်လုံးစလုံးပေါက်ကွဲပါတယ်။” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

အဆိုပါစစ်ဆင်ရေးတွင် ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အသေးစိတ်အခြေအနေကို စုံစမ်းဆဲဖြစ်ကြောင်း Yangon UG People Army မှ တာဝန်ရှိသူကပြောသည်။

ရပ်ကွက်ရုံးအား တွေ့ရစဉ်။ ဓာတ်ပုံ – Yangon UG People Army

“ မိဘပြည်သူတွေအနေနဲ့ အစစအရာရာဂရုစိုက်သွားလာကြဖို့ပါပဲ။ကျန်တော်တို့လည်း ပထမ ဦးစားပေး ဂရုစိုက်တာက ပြည်သူမထိခိုက်အောင် ပါ။အဖွဲ့ရပ်တည်နိုင်ရေးနဲ့ ဆက်လက်ဖော်ဆောင်မယ့် မစ်ရှင်တွေအတွက် ထောက်ပို့ လိုအပ်မူတွေ ရှိနေပါတယ်လို့ တက်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီပေးစေလိုပါတယ်” ဟု ၎င်းက တောင်းဆိုထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဘေး၊ ရေဘေး ကြုံရချိန်တွင် အာဏာတည်မြဲရန်အတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးပမ်းနေသည့် စစ်ကောင်စီကို ဆန့်ကျင်ရန် ရန်ကုန်အခြေစိုက် လူထုသပိတ်အဖွဲ့များကလည်း စက်တင်ဘာ ၂၆ ရက်တွင် တိုက်တွန်းခဲ့သည်။

ပြည်သူများအနေဖြင့် သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဥ်များ ပျက်ပြားရန် ဆောင်ရွက်ခြင်း၊ ယင်းစာရင်းကောက်ယူရာတွင် ပါဝင်သူများကို ဖိအားပေးခြင်း၊ ဖယ်ကျဥ်ခြင်း၊ လူမှုရေးပြစ်ဒဏ်ခတ်ခြင်း၊ သန်းခေါင်စာရင်းကောက်ယူမှုကို မပူးပေါင်းခြင်း၊ မဖြေဆိုခြင်း၊ မလွှဲရှောင်သာ၍ ဖြေဆိုရပါက အချက်အလက်များ လွဲမှားဖြေဆိုခြင်း၊ ပြည်သူလူထုအချင်းချင်းနှင့် တော်လှန်ရေးရဲဘော်များကို လိုအပ်သလို အကာအကွယ်ပေးခြင်းစသည်တို့ကို လုပ်ဆောင်နိုင်ကြောင်းလည်း တိုက်တွန်းထားသည်။

စက်တင်ဘာ ၂၆ရက်က စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် အကူအညီပေးနေသည့် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက် ရာအိမ်မှူးမင်းမင်းထွန်းသေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

စက်တင်ဘာ ၃၀ရက်ကလည်း ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးတွင် သန်းခေါင်စာရင်း‌ ကောက်ယူရန် အစည်းအဝေးပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး အဆိုပါ အစည်းအဝေးပြုလုပ်နေသူ ကိုးဦးဒဏ်ရာရရှိကာ တစ်ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက္ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က ဒရယ်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်မှုမှာ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးနဲ့ ပျူစောထီးတစ်ဦး သေဆုံးတယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် တရားမဝင်ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသော လူဝင်မှုကြီးကြပ်‌ရေးရုံး လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြင်းအားမြင့် လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army၏တာဝန်ရှိသူက ပြောသည်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် တော်လှန်ရေးရဲဘော်များကို လက်ပစ်ဗုံးဖြင့် လက်ဦးမှုယူပစ်ခတ်သည့် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Facebook