Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတံတားတွင် စစ်ကောင်စီဂိတ်က ကျောက်သမားများအားငွေညှစ်နေ

စစ်ကိုင်းတံတားတွင်စစ်ကောင်စီတပ်က​​ကျောက်စိမ်း ၊ကျောက်မျက်​ရောင်းဝယ်သူများအား လုပ်ငန်းလိုင်စင် စစ်ဆေး၍ သက်တမ်းကျော်နေပါက ငွေကျပ်သိန်းချီတောင်းယူနေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

စစ်ကိုင်းတံတား(ရတနာပုံ)အား တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ဇေအောင်/People’s Spring

စစ်ကိုင်းတံတားတွင်စစ်ကောင်စီတပ်က​​ကျောက်စိမ်း ၊ကျောက်မျက်​ရောင်းဝယ်သူများအား လုပ်ငန်းလိုင်စင် စစ်ဆေး၍ သက်တမ်းကျော်နေပါက ငွေကျပ်သိန်းချီတောင်းယူနေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

စစ်ကိုင်းတံတား(ရတနာပုံတံတား)မန္တလေးဘက်ခြမ်းတွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်က ဆိုင်ကယ်များအား တူးဘောက်ဖွင့်ခိုင်းပြီး ကျောက်အထုပ်များတွေ့ရှိပါက ကျောက်မျက်ရတနာလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ပြသခိုင်းကြောင်း၊ လိုင်စင်မပါခြင်း၊ သက်တမ်းကျော်လွန်ခြင်းများရှိပါက ငွေကျပ်သိန်းချီတောင်းယူနေသည်ဟု ကျောက်လုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

“တချို့ကမပါဘူး။တချို့ကသက်တမ်းလွန်နေပြီ။ လိုင်စင်မပါလို့ဆိုပြီး ဒဏ်ကြေးဆိုပြီး သိန်းချီတောင်းတယ်။”ဟု ကြုံတွေ့ဖူးသူ မန္တလေးမြို့ခံ ကျောက်သမားတစ်ဦးက ပြောသည်။

ထို့ကြောင့် စစ်ကိုင်းဒေသခံကျောက်သမားများနှင့် စစ်ကိုင်းကျောက်ဝိုင်းသို့အရောင်းအဝယ်သွားလုပ်ကြသော ကျောက်သမားများ တံတားဖြတ်သန်းရန် အခက်အခဲကြုံနေရကြောင်း ကျောက်သမားများက ပြောသည်။

ထို့အပြင် ကျောက်မျက်လုပ်ငန်းလိုင်စင်ကိုလည်း လိုင်စင်ကြေးတိုးမြှင့်မည်ဟု သတင်းများထွက်ပေါ်နေကြောင်း ကျောက်သမားအချို့က ပြောသည်။

စစ်ကောင်စီသည် ၂၀၂၃လုနှစ် ဇူလိုင်လကတည်းက ကျောက်လုပ်ငန်းလုပ်ကိုင်သူ ဝယ်ရောင်းနှင့်ပွဲစားများအား လိုင်စင်လျှောက်ထားရန် ဖိအားပေးခဲ့သည်။

လုပ်ငန်းလိုင်စင်မရှိဘဲ ကျောက်အရောင်းအဝယ်ပြုလုပ်ပါက အနည်းဆုံး ထောင်ဒဏ် တစ်နှစ်မှ အများဆုံး သုံးနှစ်ထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ခြိမ်းခြောက်ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စက်တင်ဘာလပထမပတ်ထဲက မနက်ခင်းတခုမှာ နာမည်ကျော်စစ်ကိုင်းတံတား(ရတနာပုံ)ပေါ် ယာဥ်သွားယာဥ်လာ အနည်းငယ် ရှိနေတယ်။ အသက် ၂၀ ဝန်းကျင် မောင်ထွန်း(အမည်လွှဲ)ဟာ မန္တလေးမြို့ဘက်ကနေ ဆိုင်ကယ်လေးနဲ့ စစ်ကိုင်းကသူ့အိမ်ဆီ ပြန်လာခဲ့တယ်။ မကြာခင်သူဟာ နာမည်

သတင်း

စစ်ကိုင်းတံတားမှာ စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေတာကြောင့် ဖြတ်သန်းသွားလာသူနည်း​ပါးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတံတား (ရတနာပုံတံတား)ပေါ်မှာ စစ်အုပ်စုကပေါ်တာဆွဲတာတွေဆက်တိုက်လုပ်လာတာကြောင့် ဒီတံတားကိုဖြတ်သန်းပြီး မန္တလေးကိုသွားမယ့် ကျေးရွာတွေက ခရီးသည်တင်ကားတချို့ စတင်ရပ်နားလာကြတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့ကိုဝင်တဲ့ စစ်ကောင်စီရဲ့စစ်ကိုင်းတံတားဂိတ်က ခရီးသည်တင်ကားတွေကို မှတ်ပုံတင်စစ်ဆေးပြီး ဂိတ်ကြေးအဖြစ် တစ်ဦးလျှင် ၆၀,၀၀၀ကျပ် တောင်းယူခဲ့တယ်လို့ ခရီးသည်တင်ကားတွေဆီက သိရပါတယ်။