Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့တွင်းတိုက်ပွဲ၌ စစ်ကောင်စီမိုင်းစစ်ဆင်ရေးအဓိကတာဝန်ရှိသူကို ဖမ်းမိ

ဒီပဲယင်းမြို့တွင်ယမန်နေ့(အောက်တိုဘာလ ၁၇ ရက်) နံနက်ပိုင်းကဖြစ်ပွားသောတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ မိုင်းစစ်ဆင်ရေးအဓိကတာဝန်ရှိသူကို ကာကွယ်ရေးတပ်ဖွဲ့များကဖမ်းမိထားပြီး တစ်ဦးသေဆုံးခဲ့သည်။

PDF များကဖမ်းဆီးထား​သောစစ်သုံ့ပန်းနှင့် ၎င်းထံမှသိမ်းဆည်းရရှိ​သော​​​MA1သေနတ်နှင့်ကျည်။ ဓါတ်ပုံ-အဖြူ​ရောင် DPY

လူအေး/People’s Spring

ဒီပဲယင်းမြို့တွင်ယမန်နေ့(အောက်တိုဘာလ ၁၇ ရက်) နံနက်ပိုင်းကဖြစ်ပွားသောတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ မိုင်းစစ်ဆင်ရေးအဓိကတာဝန်ရှိသူကို ကာကွယ်ရေးတပ်ဖွဲ့များကဖမ်းမိထားပြီး တစ်ဦးသေဆုံးခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲထားသည့်နေရာများမှ ပြင်ပသို့ထွက်ခွာလာစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ကြောင်းထွက်တာလား။ ပစ္စည်းတွေထွက်ရှာတာလားတော့မသိဘူး။တိုက်ပွဲဖြစ်တော့ ဒဏ်ရာတွေနဲ့ထွက်ပြေးတဲ့သူ သေတယ်။ မိထားတဲ့လူကတော့ မိုင်းစစ်ဆင်ရေးမှာ အရေးပါတဲ့သူတစ်ယောက်ပါ”ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

အင်အား ၂၀ ခန့်ပါဝင်သော ထိုစစ်ကြောင်းသည် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။တိုက်ပွဲဖြစ်ပွားပြီးနောက် ညဘက်တွင် စစ်ကောင်စီက လေကြောင်းမှနှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်သွားခဲ့သည်။ သို့သော် အရပ်သားနှင့်ပြည်သူ့ကာကွယ်ရေးရဲဘော်များ ထိခိုက်မှုမရှိခဲ့ပေ။

ဒီပဲယင်းမြို့ကို ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့တွင် ရွှေဘိုခရိုင်အမှတ် (၁) ကွပ်ကဲရေးရုံးကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ပြီးပြန်လည်ထိန်းချုပ်ခဲ့သည်။ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၈ဦး သေဆုံးပြီး ၁၀ဦး ဒဏ်ရာရကာ Non-CDM ဝန်ထမ်း ၄၀ ဦး၊ အချုပ်သား ၂၀ ဦး၊ ပြည်သူ ၇၂ ဦးအားကယ်တင်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၁) စစ်ဒေသက ဩဂုတ်လ ၂၀ရက်၌ သတင်းထုတ်ပြန်သည်။

မြို့အားပြန်လည်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်နေသည်။ မြေပြင်စစ်ကြောင်းသည် ဒီပဲယင်းမြို့မရဲစခန်း၊ စာသင်ကျောင်းနှင့် ဇွဲစားသောက်ဆိုင်အဆောက်အအုံ၌ တပ်စွဲထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook