Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်ထဲမှာ စစ်တပ်စခန်း ၁၀ ခုဝန်းကျင်သာ ကျန်ရှိတော့

ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင် ထဲ နေရာယူတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း အရေအတွက် တဖြည်းဖြည့် ယုတ်လျော့လာပြီး လက်ရှိမှာ စခန်း ၁၀ ခုဝန်းကျင်ပဲရှိတော့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၅ ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

နိုင်ပကောင်း/ People’s Spring

ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင် ထဲ နေရာယူတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း အရေအတွက် တဖြည်းဖြည့် ယုတ်လျော့လာပြီး လက်ရှိမှာ စခန်း ၁၀ ခုဝန်းကျင်ပဲရှိတော့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၅ ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်အာဏာမသိမ်းခင် က KNU တပ်မဟာ (၅) စစ်ရေးလှုပ်ရှားရာ ဖာပွန် ခရိုင်ထဲမှာ စစ်တပ်စခန်း ၇၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းပြီးနောက်မှာတော့ KNU နဲ့ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်သိမ်းယူတာ ခံလိုက်ရတဲ့စခန်းတွေ အပြင် လက်နက်ခဲယမ်းနဲ့ ရိက္ခာ ထောက်ပို့လမ်းကြောင်း လနဲ့ချီပြီး ပိတ်ဆို့ခံရချိန်မှာ တပ်ရုတ်သွားတဲ့ စခန်းတွေ များလာတာလို့ KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုကပြောပါတယ်။

ဒီလို ရုတ်သိမ်းသွားတဲ့ စခန်းတွေ ထဲမှာ သံလွင်မြစ်ကြောင်းတလျောက်က တပ် စခန်း ၁၅ ခု လည်း ပါဝင်တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ဖာပွန်မှာ အရေးပါတဲ့ ဗျုဟာစခန်းနဲ့ ဖာပွန်မြို့ အရှေ့ ဘက် ၁၀ မိုင်ခန့် အကွာက ခေါပုတ်တပ်စခန်းတွေကို KNU တပ်မဟာ ၅ နဲ့ ပူးပေါင်းတပ်တွေက ဝန်းရံပိတ်ဆို့ထားတယ်လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုကဆိုပါတယ်။

အဲဒီ တပ်စခန်း နှစ်ခုအပြင် ဖာပွန် ခရိုင်ထဲမှာ ကျန်ရှိနေသေးတဲ့ စစ်တပ်စခန်းတွေရဲ့ ရိက္ခာပို့လမ်းကြောင်း၊ ဝင်ထွက်သွာလာရာ လမ်းပိုင်းတွေကို KNU နဲ့ ပူးပေါင်းတပ်က ဖြတ်တောက် ထားတယ်လို့သိရပါတယ်။

ဒါကြောင့် ဝန်းရံပိတ်ဆို့ခံထားရတဲ့ တပ်စခန်းတွေ အတွက် လက်နက်ခဲယမ်းနဲ့ ရိက္ခာကို စစ်ကောင်စီက လေကြောင်းကနေ ပဲ ချပေးနေရတယ်လို့ သိရပါတယ်။

ပိတ်ဆို့ခံထားရချိန်ဟာ ဖာပွန် စစ်ပွဲ တွေ စတင်ချိန်ကဆိုရင် ၆ လနီးပါး ရှိလာပြီဖြစ်ပါတယ်။

KNU တပ်မဟာ (၅) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ဖာပွန်မြို့ ကို ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပေမယ့် မြို့ရဲ့တောင်ဘက်မှာ ရှိတဲ့ အခြေချ စစ်ဗျုဟာကို မသိမ်းနိုင်သေးတာပါ။

ဖာပွန်ခရိုင်ဟာ ပထဝီအနေအထားအရ မြောက်ဘက်မှာ ကရင်နီပြည် ဘောလခဲခရိုင် ၊ အရှေ့ဘက်မှာ ထိုင်းနိုင်ငံ ၊ တောင်ဘက်မှာ ဘားအံ ခရိုင် ၊ မွန်ပြည်နယ် သထုံခရိုင် ၊အနောက်ဘက်မှာ ပဲခူးတိုင်း တောင်ငူခရိုင်တို့ တည်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က စစ်တပ်အထိုင်စခန်းနေရာတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦး သေဆုံးပြီး ဒရုန်း ၁စီး သိမ်းရခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ခေါင်လန်ဖူးဒေသ မြန်မာ-တရုတ် နယ်ခြားမှတ်တိုင် အမှတ်(၃၀) ရှိ စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။