Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူနှင့် ရေစကြိုတွင် စစ်ဆေးရေးဂိတ်နှင့် ပျူစောထီးရွာအား ဒရုန်းဖြင့်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူနှင့် ရေစကြိုမြို့နယ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့် ပျူစောထီးကျေးရွာအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးအဖွဲ့များက ပြောသည်။

မင်းရွာပျူရွာအား ဒရုန်းဖြင့်တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူနှင့် ရေစကြိုမြို့နယ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့် ပျူစောထီးကျေးရွာအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးအဖွဲ့များက ပြောသည်။

ပခုက္ကူမြို့နယ် တင်းဂါတ်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးဂိတ်အား အောက်တိုဘာ ၂၇ ရက် နံနက် ၁၀နာရီခန့်မှစ၍ ၂နာရီကြာ ဒရုန်းဖြင့် ဗုံးသီး ၁၆လုံး ကြဲတိုက်ခိုက်ခဲ့ကြောင်း မြိုင် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် ပျူစောထီး နှစ်ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း ၎င်းကဆိုသည်။

“သူတို့ရှိတဲ့နေရာတွေအကုန်လုံး ဗုံးသီးချတာ။ ဒီကောင်တွေက ပခုက္ကူတို့ဘာတို့ သွားတဲ့ကားတွေကို ငွေတောင်းတာတွေလုပ်တဲ့ဂိတ်ပါ။”ဟု ကိုလက်ယျာက ပြောသည်။

အလားတူ အောက်တိုဘာ ၂၄ရက်ကလည်း မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မင်းရွာပျူရွာအား နံနက် ၈နာရီခန့်တွင် ဗုံးသီး ၁၀လုံး၊ ညနေ၄နာရီခန့်တွင် ဗုံးသီး ၅လုံး စုစုပေါင်း ဗုံးသီး ၁၅လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

တိုက်ခိုက်မှုကြောင့် အဆောက်ဦး ထိခိုက်ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနိုင်ကြောင်း ၎င်းကဆိုသည်။

“မင်းရွာမှာက ပျူစောထီးအင်အား ခြောက်ဆယ်ခုနှစ်ဆယ်လောက်ရှိတယ်။ စစ်သားအနည်းငယ်လည်းရှိတယ်။အပြင်ကိုစစ်ကြောင်းထိုးတာမျိုးတော့ အခုနောက်ပိုင်း မတွေ့ရတော့ဘူး။”ဟု MBTတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

တင်းဂတ်ကျေးရွာတိုက်ခိုက်မှုကို မြိုင်ပကဖနှင့် အတူ ပေါက်ပကဖ၊ Bly ပျောက်ကျားတပ်ဖွဲ့၊ PKU Thurain၊ Black cobraforce(ကမ္မတပ်ပါင်းစု)၊ DMG ဓားမင်းကြီးအဖွဲ့တို့က လည်းကောင်း၊ မင်းရွာတိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့ မြင်းခြံခရိုင်အမှတ် ၉တပ်ရင်း၊ရဲဘော်ညီနောင်ပြောက်ကျားတပ်၊ဧရာဝတီမင်းသားပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊NY Local PDF တို့ကလည်းကောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရေစကြို-ပခုက္ကူလမ်းပိုင်းရှိ နေရာအချို့တွင်လည်း စစ်ကောင်စီဂိတ်များ၊ ပျူစောထီးများက စစ်ဆေးခြိမ်းခြောက် ငွေတောင်းခံနေ၍ ပြည်သူများသွားလာရေးခက်ခဲနေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

Facebook