Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်ပြော

ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဘိရှော့ဟာ ဧပြီလမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရာထူးကို လက်ခံယူခဲ့တာ ဖြစ်ပါတယ်။

(မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီယန်ဘိရှော့နှင့်အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်။ဓါတ်ပုံ- စစ်​ကောင်စီ၊the australian)
(မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီယန်ဘိရှော့နှင့်အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်။ဓါတ်ပုံ- စစ်​ကောင်စီ၊the australian)

▪︎မြန်မာ့နိုင်ငံရေးနဲ့ဆက်နွှယ်ပတ်သက်သူတိုင်းဟာ တစ်ဖက်က ရှုံးမှ တစ်ဖက်က နိုင်မယ်ဆိုတဲ့ အတွေးအမြင်ကို စွန့်ပယ်ထားဖို့တော့လိုတယ်လို့ဆို

-People’s Spring

ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီယန် ဘိရှော့ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖြစ်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့က ကုလသမဂ္ဂ အစည်းအဝေး တစ်ခုမှာ သူက နေပြည်တော် ခရီးစဉ်အတွင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်းကို တရားဝင် အသိပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာမှာ ဆက်စပ်ပါဝင်တဲ့ အဖွဲ့အစည်းတိုင်း အနေနဲ့ တစ်ဖက်က သေချာပေါက် ရှုံးနိမ့်သွားမှ တစ်ဖက်က အနိုင်ရမယ်ဆိုတဲ့ အတွေးအခေါ်ကို ချန်ထားခဲ့ဖို့ လိုတယ်လို့လည်း ဘိရှော့က သတိပေးခဲ့ပါတယ်။

(မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီယန်ဘိရှော့နှင့်အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်။ဓါတ်ပုံ- စစ်​ကောင်စီ၊the australian)
(မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီယန်ဘိရှော့နှင့်အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်။ဓါတ်ပုံ- စစ်​ကောင်စီ၊the australian)

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်တုန်းက စစ်တပ် အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား ဒီမိုကရေစီ အစိုးရကို ဖယ်ရှားခဲ့ချိန် ကတည်းက ဆိုးရွားလှတဲ့ နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရပါတယ်။

Public Service Announcement

Public Service Announcement

ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဘိရှော့ဟာ ဧပြီလမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရာထူးကို လက်ခံယူခဲ့တာ ဖြစ်ပါတယ်။

ဘိရှော့က သူဟာ ထုတ်ပြန်ကြေညာခြင်း မရှိတဲ့ နေပြည်တော် ခရီးစဉ် တစ်ခုကို သွားရောက်ခဲ့ပြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ် အကြောင်းအရာတွေကိုတော့ သူက ထုတ်မပြောခဲ့ပါဘူး။ အဲဒီ ဆွေးနွေးမှု ဘယ်အချိန်က ဖြစ်မြောက်ခဲ့သလဲ ဆိုတာကိုလည်း မသိရပါဘူး။

ဘိရှော့က သူဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) တချို့နဲ့ တွေ့ဆုံခဲ့တယ်လို့လည်း ပြောကြားခဲ့ပြီး အစုအဖွဲ့ အသီးသီးနဲ့ ထိတွေ့ဆက်ဆံမှုတွေမှာ ဘက်မလိုက် ဝါဒကို လက်ကိုင် ပြုထားဆဲလို့ ဆိုပါတယ်။

သူဟာ မြန်မာ့ အရေး ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ကွဲပြားတဲ့ ရှုထောင့်ပေါင်းစုံကနေ သိနားလည်ထားမှသာ ထိရောက်တဲ့ ဖြေရှင်းမှုတစ်ခုကို ဖော်ဆောင်ဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာ အားထုတ်မှုတွေမှာ ပိုပြီး ထဲထဲဝင်ဝင် ကြားဝင် ညှိနှိုင်းပေးနိုင်မယ်လို့ ယုံကြည်ထားကြောင်းလည်း ဘိရှော့က ပြောပါတယ်။

ဒါပေမဲ့ မြန်မာ့နိုင်ငံရေးနဲ့ ဆက်နွှယ် ပတ်သက်သူတိုင်းဟာ တစ်ဖက်က ရှုံးမှ တစ်ဖက်က နိုင်မယ်ဆိုတဲ့ အတွေးအမြင်ကို စွန့်ပယ်ထားဖို့တော့ လိုကြောင်း၊ နိုင်ငံအနှံ့မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ကူးစက်နေသ၍ ပြည်သူလူထုအတွက် အမှန်တကယ် လိုအပ်တဲ့ ဖြေရှင်းမှု နည်းလမ်းတွေကို ရှာဖွေဖို့ တိုးတက်မှု နှေးကွေးနေဦးမှာဖြစ်ကြောင်းလည်း အထူးကိုယ်စားလှယ်က သတိပေးသွားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

မြန်မာပြည်သူတွေရဲ့ အသက်ပေါင်းများစွာနဲ့ အနာဂတ်ကို ကယ်တင်ဖို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိမှု(R2P) အကောင်အထည်ဖော်ဖို့ကိစ္စ ကြာမြင့်စွာနှောင့်နှေးနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇူလိုင် ၆ရက်မှာ ကျင်းပတဲ့ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ထပ်မံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)က လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ထိန်းချုပ် ပုံသွင်းတဲ့ အခြေအနေထိ ရောက်မသွားခင် နိုင်ငံတကာ အစိုးရ အသီးသီးက စုပေါင်း အဖြေရှာကြဖို့ ကုလသမဂ္ဂ (UN) အကြီးအကဲက သတိပေး ပြောကြားခဲ့ပါတယ်။